Wednesday 9 October 2013

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား

Photo: ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား
Wednesday, October 9, 2013

ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြားဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းတော့မည် ဆို ပါ က မိမိအနေဖြင့် အလိုလို အနံ့ခံမိလေ့ရှိကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။ ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အတွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နောဝှစ်ခ်ျစီးတီးအား (၃-၁)ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် အော်စကာက ဦးဆောင်ဂိုး သွင်းယူပြီး နောဝှစ်ခ်ျဘက်မှ အန်သိုနီ ပီလ်ကင်တန်က ချေပခဲ့သဖြင့် သရေဖြစ်နေခဲ့သေးသည်။ သို့သော်လည်း မော်ရင်ဟို လူစားလဲခဲ့သည့် ဝီလျံနှင့် အီဒင်ဟာဇက်တို့က ဂိုးများသွင်းယူပြီး ချယ်လ်ဆီးတို့ အောင်ပွဲခံခဲ့သည်။

ကာရိုးရုဒ်တွင် သရေကျနေချိန်၌ မိမိသည် စိုးရိမ်ပူပင်မှု မရှိကြောင်းနှင့် မိမိတို့အသင်း ချေပဂိုး သွင်းခံရမည်ကို ကြိုတင်၍ အနံ့ရခဲ့ကြောင်း မော်ရင် ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ပွဲကစားနေတဲ့ တစ်ချိန်လုံး ကျွန်တော် တုန်လှုပ်နေတာမျိုး လုံးဝ မရှိဘူး။ အရာရာကို ကျွန်တော် အာရုံခံစားကြည့်နေတယ်။ တချို့အရာတွေအတွက် ကျွန်တော့်မှာ အနံ့ခံနိုင်စွမ်း ရှိတယ်။ အပိုင်အခွင့်အလမ်း တစ်ခုကို ဒမ်ဘာဘား လက်လွတ်သွားချိန်မှာ သူတို့ဘက်က ဂိုးပြန်သွင်းတော့မယ် ဆိုတာကို ကျွန်တော် အနံ့ရလာခဲ့တယ်"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "(၁)ဂိုးစီ သရေဖြစ်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင်တာလည်း ဖြစ်နိုင် တယ်၊ ရှုံးတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သရေအတွက် ရည်မှန်းပြီး ကစားခဲ့တာ မဟုတ်ဘူး။ ထိပ်ဆုံးနေရာအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် အနိုင်ရအောင် ပိုပြီးတော့ အားထုတ်သွားခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားခဲ့သည်။

Planet Myanmar Network
ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။
ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြားဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းတော့မည် ဆို ပါ က မိမိအနေဖြင့် အလိုလို အနံ့ခံမိလေ့ရှိကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။ ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အတွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နောဝှစ်ခ်ျစီးတီးအား (၃-၁)ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် အော်စကာက ဦးဆောင်ဂိုး သွင်းယူပြီး နောဝှစ်ခ်ျဘက်မှ အန်သိုနီ ပီလ်ကင်တန်က ချေပခဲ့သဖြင့် သရေဖြစ်နေခဲ့သေးသည်။ သို့သော်လည်း မော်ရင်ဟို လူစားလဲခဲ့သည့် ဝီလျံနှင့် အီဒင်ဟာဇက်တို့က ဂိုးများသွင်းယူပြီး ချယ်လ်ဆီးတို့ အောင်ပွဲခံခဲ့သည်။

ကာရိုးရုဒ်တွင် သရေကျနေချိန်၌ မိမိသည် စိုးရိမ်ပူပင်မှု မရှိကြောင်းနှင့် မိမိတို့အသင်း ချေပဂိုးသွင်းခံ ရ မည်ကို ကြိုတင်၍ အနံ့ရခဲ့ကြောင်း မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟို က "ပွဲကစားနေတဲ့ တစ်ချိန်လုံး ကျွန်တော်တုန်လှုပ်နေတာမျိုး လုံးဝမရှိဘူး။ အရာရာကို ကျွန်တော် အာရုံခံ စားကြည့်နေတယ်။ တချို့အရာတွေအတွက် ကျွန်တော့်မှာ အနံ့ခံနိုင်စွမ်း ရှိတယ်။ အပိုင်အခွင့်အလမ်း တစ်ခုကို ဒမ်ဘာဘား လက်လွတ်သွားချိန်မှာ သူတို့ဘက်က ဂိုးပြန်သွင်းတော့မယ် ဆိုတာကို ကျွန်တော် အနံ့ရလာခဲ့တယ်"ဟုဆိုသည်။ ၎င်းကဆက်လက်၍ "(၁)ဂိုးစီသရေဖြစ်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင် တာလည်း ဖြစ်နိုင်တယ်၊ ရှုံးတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သရေအတွက် ရည်မှန်းပြီး ကစားခဲ့တာ မဟုတ်ဘူး။ ထိပ်ဆုံးနေရာအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် အနိုင်ရအောင် ပိုပြီးတော့ အားထုတ်သွားခဲ့ပါတယ်"ဟု လည်း ပြောဆိုသွားခဲ့ သည်။

Planet Myanmar Network
  

1 comment:

  1. စောက်ရူး .... အဲဒီလိုသိနေရင် ဘာလို့မန်နေဂျာလုပ်နေသလဲ လောင်းကစားဒိုင်လုပ်စားပါလား ဒီထက်တောင်ထောအုံးမယ်

    ReplyDelete