Wednesday 9 October 2013

Mobile Team အဖွဲ့မှ တင်သွင်းခွင့်မပြုထားသောကုန်ပစ္စည်းများအား သိုလှောင်ထားရှိသဖြင့် အရေးယူ

၁၈.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team
(ရန်ကုန်ဆိပ်ကမ်းနယ်မြေ)သည် စီးပွားကူးသန်းဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးေ ခါင်းဆောင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ သစ္စာလမ်းရှိ Green Line Myanmar Group Co.ltd ပိုင် ကုန်ပစ္စည်းသိုလှောင်ရုံအား စစ်ဆေးမှုပြုလုပ်ခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့တွင် စစ်ဆေးမှုပြီးဆုံး၍ ကုမ္ပဏီပိုင်သိုလှောင်ရုံများအတွင်းမှ အထောက်အထား ပြည့်စုံစွာတင်ပြနိုင်သည့် ကုန် ပစ္စည်း (၂၂၆)မျိုးနှင့် ပြည်တွင်းမှထုတ်လုပ်ရရှိနိုင်သည့် ကုန်ပစ္စည်း(၆၁)မျိုးစုစုပေါင်း(၂၈၇)မျိုး တို့အား သက်ဆိုင်ရာကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ သိုလှောင်ရုံများအတွင်းမှ တင်သွင်းခွင့်မပြုထားသော ကုန်ပစ္စည်းမျိုးစုံ (၂၄)မျိုးအား သိုလှောင် ထားရှိသဖြင့် မန်နေဂျာ ဦးငွေသန်းအောင်၊ (ဘ)ဦးငွေနီ၊ (၁၉)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှ ၎င်းပစ္စည်းများအး အပ်နှံပေးသဖြင့် သိမ်းဆည်းခဲ့ပြီး တင်သွင်းခွင့် မပြုထားသော ကန့်သတ်ကုန်ပစ္စည်း (၂၄)မျိုးအား သိုလှောင်ထားရှိသူ ကုမ္ပဏီဒါရိုက်တာ ဒေါ်သက်သက်နုအောင်၊ (ဘ)ဦးအောင်နိုင် ၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်နေသူအား အရေးယူပေးရန် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ တိုင်တန်း သဖြင့် ဒေါပုံမြို့မရဲစခန်း(ပ)၃၁၀/၂၀၁၃၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ဖြင့် အရေး ယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment