Tuesday 29 December 2015

မလေးရှားနိုင်ငံ ထိုင်းသံရုံးရှေ့တွင် မြန်မာနှစ်ဦးအရေး ဆန္ဒပြခေါင်းဆောင်သူနှစ်ဦးဖမ်းဆီးခံရ

ဆန္ဒပြ မြန်မာလူမျိုးများနှင့် မလေးရှားရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ကိုမျိုး)
မြန်မာလုပ်သားနှစ်ဦးအ ရေးအတွက် မလေးရှားနိုင်ငံရှိ ထိုင်းသံရုံးရှေ့သို့ သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့သော ဆန္ဒပြမြန်မာ ခေါင်းဆောင်နှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသ တင်းရရှိသည်။
ဒီဇင်ဘာ ၂၈ရက်တွင်မလေး ရှားနိုင်ငံရောက် ရာနှင့်ချီသောမြန် မာလုပ်သားများသည် သေဒဏ် ကျခံမြန်မာလုပ်သားနှစ်ဦးကို ပြန် လွှတ်ပေးရန် မလေးရှားနိုင်ငံရှိ ထိုင်းသံရုံးရှေ့သို့ သွားရောက်ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် မ လေးရှားရောက်မြန်မာလုပ်သား များအား ကူညီပေးနေသော ကပ် ပုန်းခုနစ်ရက်နာရေးကူညီမှုအ သင်းဥက္ကဋ္ဌဦးစန်းဝင်းနှင့် အိုဗာစ တေးဖောင်ဒေးရှင်းဥက္ကဋ္ဌဦးချစ် ကောင်းတို့ဖြစ်ပြီး မြန်မာလုပ်သား များကြားတွင် လူသိများသူများ ဖြစ်သည်။

‘‘ဆန္ဒပြတာကို မလေးရှားရဲ က လူစုခွဲခိုင်းတာ ညှိမရလို့ ခေါင်း ဆောင်နှစ်ဦးကို ဖမ်းဆီးသွားတာ လို့ သိထားတယ်။ သူတို့နဲ့အဆက် အသွယ်မရသေးဘူး။ မနက်ဖြန်မှ သေချာသိရမယ်။ ဒဏ်ငွေနဲ့ပြီးမ လား၊ ခံဝန်နဲ့ ပြီးမလား၊ တရားစွဲ ခံရမလားဆိုတာပေါ့’’ဟု ကွာလာ လမ်ပူမြို့နေ ကိုမျိုးကပြောသည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ပြည်တွင်း၌ နေ ရာအနှံ့အပြား ကန့်ကွက်ဆန္ဒပြ တောင်းဆိုနေကြသည်။ ထို့အတူ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေ သော မြန်မာများကလည်းမြန်မာ လုပ်သားနှစ်ဦးအရေး ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

7Day Daily

No comments:

Post a Comment