Tuesday 29 December 2015

လိပ်ကျွန်းအမှု ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုများကို ထိုင်းရဲတပ်ဖွဲ့ ပယ်ချ

လိပ်ကျွန်း လူသတ်မှု စီရင်ချက် ထွက်ပေါ်လာပြီး နောက် အမှုကို ပြန်လည်သုံးသပ် စစ်ဆေးပေးရန်  မြန်မာဘက်မှ တောင်းဆိုမှုများကို ထိုင်းရဲတပ်ဖွဲ့က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၄ ရက်က ဗြိတိန်
နိုင်ငံသား ခရီးသည် နှစ်ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလုပ်သား နှစ်ဦးအား ကော့စမွီ တရားရုံးက သေဒဏ်စီရင်ချက် ချမှတ်ခဲ့ သည်။ အဆိုပါ အမှုတွင် ရဲတပ်ဖွဲ့ ၏ စစ်ဆေးကိုင်တွယ်ပုံ အားနည်း ချက်များစွာ ရှိနေကြောင်း နိုင်ငံ တကာ မီဒီယာများက ဖော်ပြခဲ့ ကြပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် အခြားနိုင်ငံများတွင်လည်း မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက်  ဆန္ဒပြ တောင်းဆိုမှုများ ရှိခဲ့သည်။

အစောပိုင်းတွင် Bangkok Post သတင်းစာက ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး ဝင်းမောင်က လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ကို ၎င်းလက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သော် လည်း နောက်ပိုင်းတွင် ကာယကံ ရှင်၏ ပြန်လည်ဖြေရှင်းမှုအရ မိမိ တို့၏ ဘာသာပြန် အမှားကြောင့် အဓိပ္ပာယ် လွဲသွားခြင်းဟု Ban-gkok Post က ပြန်တောင်းပန်ခဲ့ သည်။ ဦးဝင်းမောင်က အဆိုပါ အ မှုကို ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတူ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလည်း အစွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး၏ အမှုအတွက် သက်သေ အ ထောက်အထားများကို ပြန်လည် စစ်ဆေး သုံးသပ်ပေးရန် ထိုင်း အစိုးရထံ တောင်းဆိုခဲ့သည်။

မြန်မာဘက်မှ ထိုကဲ့သို့ တောင်းဆိုမှုများ ရှိနေသည့်တိုင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အပေါ် စစ်ဆေးခဲ့မှုများကို ပြန် လည်သုံးသပ်ပေးရေးကို တော် ဝင် ရဲတပ်ဖွဲ့က ယတိပြတ် ပယ် ချခဲ့သည်။

တရားစီရင်မှုတွင် ပါဝင်အ စစ်ဆေးခံခဲ့သည့် ထိုင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက မိမိတို့ တင် သွင်းခဲ့သည့် DNA စစ်ချက်များ၊ အခြားသော တင်ပြမှု များသည် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်နေကြောင်း ပြောကြားခဲ့ သည်။

ထိုင်းရဲတပ်ဖွဲ့၏ လက် ထောက် ပြောရေးဆိုခွင့်ရ အရာရှိ ပီယာဖန် ပင်မူအန်က အမှုကို ပြန်လည်စစ်ဆေးရန် ဖြစ်နိုင်ခြေ အားလုံးကို ငြင်းဆိုသွားခဲ့သည်။ ရဲချုပ် ပီယာဖန်က

‘‘DNA စစ်ချက်တွေကို ညာ လို့မရဘူး’’ ဟု ဆိုသည်။ ၎င်းက အမှုစီရင်ချက်အပေါ် ဆန္ဒပြကန့် ကွက်နေမှုများသည် နိုင်ငံရေး အရ မရိုးသားသည့် ရည်ရွယ် ချက်များ ပါဝင်နိုင်ပြီး မြန်မာပြည်သူများ အနေဖြင့် ယင်းအခြေအနေကို နား ယောင်ကာ လမ်းမှားမလိုက်သင့် ဟုလည်း မှတ်ချက်ပေးခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်းက ထိုင်းနိုင်ငံတွင် လူသတ်မှုနှင့် ပတ်သက်၍ စွဲချက်တင်ခံရသူ မြန်မာ ၁၂၆ ဦး ရှိခဲ့သော်လည်း ယခုလို ဆန္ဒပြမှုများ ယခင်က လုံးဝ မပေါ်ပေါက်ခဲ့ဖူးကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

—Ref: Bangkok Post
7Day Daily 

No comments:

Post a Comment