Monday 28 December 2015

ပဲရစ်အကြမ်းဖက်မှုမှာ သေနတ်နဲ့ခြောက်ကြိမ်ပစ်ခံရသူ သတိပြန်လည်လာပြီ

ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ သေနတ်နဲ့ ခြောက်ချက် ပစ်ခံခဲ့ရတဲ့ အမျိုးသမီးဟာ သတိလစ်မေ့မျောနေရာက သတိပြန်လည်လာပြီး စကားပြန်ပြောနိုင်ပြီလို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။
သေမင်းခံတွင်းဝက ပြန်ထွက်လာနိုင်တဲ့ မယ်ကံကောင်းရဲ့ အမည်က လော်ရာခရောက်ပါ။ အဆိုတော်တစ်ဦးဖြစ်တဲ့ လော်ရာခရောက် ဟာ ဘာတာကလန် ဂီတဖျော်ဖြေပွဲခန်းမမှာ အမေရိကန်တေးဂီတအဖွဲ့ Eagles of Death Metal အဖွဲ့ရဲ့ ဖျော်ဖြေမှုကို အားပေးနေတုန်း ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရင်ဘတ်အပေါ်ပိုင်းကို ကျည်ဆန်သုံးချက်၊ ၀မ်းဗိုက်ကို ကျည်ဆန်သုံးချက် ထိမှန်ခဲ့ပြီး ကျည်ဆန်တစ်ချက်က နှလုံးနဲ့ ကပ်လွဲခဲ့တာပါ။

လော်ရာခရောက်ဟာ ခွဲစိတ်ကုသမှု ၁၀ ကြိမ် လုပ်ခဲ့ရပြီး ၁၄ ရက်ကြာ သတိလစ် မေ့မျောခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ သတိပြန်လည်လာခဲ့ပြီး ပထမဆုံးအကြိမ် စကားပြန်ပြောနိုင်ခဲ့ပါတယ်။ လော်ရာခရောက်ရဲ့ မိသားစုဝင်တွေက သူ့အနေနဲ့ စင်ပေါ်မှာ တစ်ကျော့ပြန် ဖျော်ဖြေနိုင် လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Nz (ရိုးရာလေး)

No comments:

Post a Comment