Tuesday 8 September 2015

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော် မြို့နယ်ခုနစ်မြို့နယ်မှ ကျေး ရွာပေါင်းနှစ်ရာကျော် ရေလွှမ်းခံနေရ၊ လူပေါင်းသောင်းချီ ကယ်ဆယ်ရေးစခန်းများသို့ရောက်

မော်လိုက်မြို့ ရေလွှမ်းနေမှုမြင်ကွင်း Photo: CNB
 ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော် လွန် နေသဖြင့် မြို့နယ်ခုနစ်မြို့နယ်ရှိ ကျေး ရွာပေါင်းနှစ်ရာကျော်ရေဖုံးလွှမ်းမှု များနှင့် ရင်ဆိုင်နေရပြီး လူပေါင်း သောင်းချီကာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ရောက်ရှိနေကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ စုံစမ်းသိရသည်။

ရေဖုံးလွှမ်းမှုအန္တရာယ်မြင့်မား နေပြီး ရင်ဆိုင်နေရသော ချင်းတွင်း မြစ် တစ်လျှောက်ရှိ မြို့နယ်ခုနစ်မြို့ နယ်မှာခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်းနှင့် ကနီမြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များ တွင် ရေကင်းအလံအား အနီရောင် အဆင့်သတ်မှတ်ထားကြောင်း သိရ သည်။

ချင်းတွင်းမြစ်ရေသည် စက်တင် ဘာ ၁ ရက်မှ စတင်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ခန္တီး မြို့နယ်တွင် ကျေးရွာပေါင်း ၅ဝခန့်၊ ရေမြုပ်ခဲ့ပြီး ဇီးဖြူကုန်း၊ မြို့မ၊ ပေါ မိုင်းရပ်ကွက် သုံးရပ်ကွက်ရေမြုပ်ခဲ့ ပြီး ကယ်ဆယ်ရေးစခန်းများတွင် လူ ဦးရေတစ်သောင်းကျော် ရောက်ရှိ နေသည်။

ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာ ပေါင်း ၆ဝကျော်နှင့် အိမ်ခြေ ရှစ် ထောင်ကျော် ရေဝင်ခဲ့ကာ လူဦးရေ လေးထောင်ကျော်ရေဘေးဒုက္ခ ခံစား နေရပြီး မော်လိုက်မြို့နယ်တွင် မြို့ ပေါ်ရပ်ကွက်နှစ်ခုနှင့်ကျေးရွာအုပ်စု ၁ရ စုရေနစ်မြုပ်နေကာ မြို့ပေါ် ကယ်ဆယ်ရေးစခန်းခုနစ်ခုတွင် လူဦးရေ ၃၅၃ရ ဦးရှိနေကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်တွင်မူ မြို့ ပေါ်ကျေးရွာများတွင် ရေဘေးကယ် ဆယ်ရေးစခန်း ၁၀ ခု ဖွင့်ထားရပြီး အိမ်ထောင်စု ၂၂၁ စုလူဦးရေ ၁၁၇၆ ဦးနေထိုင်နေရပြီး ကျေးရွာပေါင်း ၇၆ရွာ ရေနစ်မြုပ်နေကာ မင်းကင်း မြို့နယ်တွင် ကျေးရွာပေါင်း ၇၀ ကျော် ရေဝင်ပြီး ငါးပေမှ ရှစ်ပေ အထိ ရောက်ရှိနေသော ကျေးရွာ ၁၁ ရွာ ရှိပြီး မြို့ပေါ်တွင် ကယ်ဆယ်ရေး စခန်းငါးခု ဖွင့်လှစ်ထားရကာ လူဦး ရေ ၉၂ရ ဦးရှိကြောင်း သိရသည်။

ကလေးဝမြို့ပေါ်တွင်မူ ကယ် ဆယ်ရေးစခန်းရှစ်ခု ဖွင့်လှစ်ထားပြီး လူဦးရေသုံးရာကျော်နေထိုင်နေလျက်ရှိကာ ကျေးရွာအုပ်စုပေါင်း ၁၆ အုပ် စု ရေဖုံးလွှမ်းနေကြောင်း သိရသည်။

မော်လိုက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ''စက်တင်ဘာ ရ ရက် ညနေအထိ ချင်းတွင်းမြစ်ရေမြင့်တက် နေပါတယ်။ စိုးရိမ်ရေမှတ် ၁၃၂၀ စင်တီမီတာအထက်ရှစ်ပေခွဲအထိ မြင့်တက်နေပါတယ်''ဟုပြောသည်။

အဆိုပါမြို့နယ်ခုနစ်ခုရှိ ချင်း တွင်းမြစ်ရေသည် လက်ရှိအချိန်အထိ စိုးရိမ်ရေမှတ်အထက်တွင်ရှိနေပြီး ချင်း တွင်းမြစ်ဘေးရှိ မုံရွာမြို့တွင် လည်း မြစ်ရေကြီးမှုအခြေအနေအား အနီ ရောင်အဆင့်သတ်မှတ်ထားသည်။

မော်လိုက်မြို့မှဒေသခံတစ်ဦး ဖြစ်သူ ဦးခင်မောင်အေးက ''ကျောင်းတွေ၊ ဈေးတွေအားလုံးပိတ်ထားရပါတယ်။ စိုးရိမ်ရေမှတ် အထက်ရှစ်ပေ ကျော်လောက်အထိ ရောက်နေပါ တယ်။ ဒီညနေတော့ ဝန်ကြီးချုပ်ဦး သာအေးလာမယ်လို့တော့ သိရပါ တယ်။ ဘုန်းကြီးကျောင်းတွေ၊ စာ သင်ကျောင်းတွေမှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ဆောင်ရွက်နေ ပါတယ်။ ရေကြီးတာကတော့ စက်တင်ဘာ နှစ်ရက်နေ့လောက် ကတည်းကပါ''ဟု ပြောသည်။

ဖောင်းပြင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ''မြို့ပေါ်မှာ ကျွန်းရွှေဝါနဲ့အင် ကြင်းမြိုင်ဆိုပြီး ရပ်ကွက်နှစ်ခုရှိတာ အကုန်ရေဝင်နေတာ။ လူမှုရေးအ သင်းတွေက ထမင်းထုပ်ဝေတာ တွေရှိပါတယ်။ မြို့နယ်ကတော့ ရေ သန့်ဘူးတွေ၊ ချက်ပြုတ်စားသောက် စရာတွေ စီမံပေးထားပါတယ်''ဟု ပြောသည်။

မင်းကင်းမြို့နယ် အုပ်ချုပ်ရေး မှူး ဦးနေလင်းထွန်းက ''အသေအ ပျောက်တော့ မရှိပါဘူး။ ပထမရေဘေး တုန်းက လေ့ကျင့်ပေးသလိုဖြစ်သွားပါတယ်။ အခုကယ်ဆယ်ရေးစခန်း ၅ခုမှာ လူဦးရေ ၉၀၀ ကျော်နေထိုင် နေကြ ပါတယ်''ဟု ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ ချင်းတွင်းမြစ်ရေသည် စက်တင်ဘာလ ၉ ရက်နေ့အထိ စိုးရိမ်ရေအ မှတ်ထိရှိနေနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင် နှင့် ဩဂုတ်လများတွင် ပထမအ ကြိမ်ရေကြီးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ရေကြီးခြင်းဖြစ်ကြောင်း သိ ရသည်။

KTS
‎Democracytoday‬

No comments:

Post a Comment