Tuesday 8 September 2015

လုပ်ငန်းခွင်အသွားအပြန် ဖယ်ရီခကို အလုပ်ရှင်က အကုန်အကျခံပေးသင့် ဟု အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးပြောကြား

အနည်း ဆုံးအခကြေးငွေဥပဒေပါ အခကြေး ငွေအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ငွေကြေး အကျိုးခံစားခွင့်၌ ခရီးစရိတ်ကိုလုပ် သားအနေဖြင့် အကျိုးခံစားခွင့်မပါ ဝင်သော်လည်း လုပ်ငန်းခွင်အသွား အပြန်ဖယ်ရီခကို အလုပ်ရှင်အနေ ဖြင့် အကုန်အကျခံပေးသင့်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးထင်အောင်ကပြောသည်။

စက်တင်ဘာ ရ ရက်တွင်လှိုင် သာယာမြို့နယ်စက်မှုဇုန် (၁) ရှိ က နောင်ခန်းမ၌ပြုလုပ်သည့် လှိုင်သာ ယာစက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ နှင့် စက်မှုဇုန်လုပ်သားအိမ်ရာစီမံ ကိန်းများ ဆောက်လုပ်နိုင်ရေးနှင့် အခြေခံလုပ်ခ ကျပ် ၃၆၀၀ မှဖယ်ရီ ကြေးများ မဖြတ်တောက်ရန် အစရှိ သည့် ကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေး ခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

''အလုပ်ရှင်များအနေနဲ့ကသူ တို့ရဲ့ အလုပ်သမားတွေလုပ်ငန်းခွင် ကို နေအိမ်တွေကနေလာဖို့အတွက် အလုပ်ရှင်က တာဝန်ယူဖို့တော့ လို အပ်ပါတယ်။ အသွားအပြန်ကိစ္စတွေ ကိုတာဝန်ယူပေးဖို့လိုအပ်ပါတယ်။ တချို့လဲ တာဝန်မယူဘူးလို့ကြား တယ်။ တချို့လဲ တာဝန်ယူပြီးတော့ လုပ်ပေးတယ်လို့လဲကြားတယ်။အခုကတော့ အခြေအနေ နည်းနည်းရှုပ် ထွေးနေတဲ့အတွက်လောလောဆယ် မှာတော့ ပြေ လည်အောင်အပြတ်မ ဆွေးနွေးနိုင်သေးပါဘူး။ ဆက်ပြီး တော့ လဲ ဆွေးနွေးသွားမှာဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း လတ်တလောဆွေး နွေးရာတွင် တချို့နိုင်ငံခြားသားစက် ရုံအတော်တော်များများမှ ဖယ်ရီစီ စဉ်ပေးထားခြင်းများကို တွေ့ရကြောင်း၊ သို့သော် အလုပ်ရှင်ပေါင်းများစွာရှိ သည့်အပြင် စီစဉ်ပေးသည့်စက်ရုံ နှင့် မစီစဉ်ပေးသည့် စက်ရုံများကဲ့ သို့ နှစ်ပိုင်းရှိနေပြီး မစီစဉ်ပေးသူများ ကို အတင်းခိုင်းစေ၍ မရရှိကြောင်း ဒုတိယဝန်ကြီး ဦးထင်အောင်ကဆက် လက်ဆိုသည်။

''တကယ်တမ်းပြောမယ်ဆိုလို့ ရှိရင် ဖယ်ရီခတို့ကတော့ အလုပ်ရှင် က အကုန်ကျခံပေးသင့်တဲ့ ဟာတွေ ပေါ့။ ဖြတ်တောက်ရန်တော့ မသင့် ဘူးပေါ့။ ဥပဒေမှာတော့ မပါပေ မယ့်လုပ်သင့် လုပ်ထိုက်တဲ့ဟာပေါ့။အလုပ်သွား အလုပ်ပြန် ဖယ်ရီကိစ္စ ကအလုပ်ရှင်မှာ တာဝန်ရှိပါတယ်။ အလုပ်ရှင်က ဘယ်လိုစီစဉ်မလဲ အလုပ်သမားတွေဆီက ဖယ်ရီခကို ဖြတ်မလား၊ အဲဒါကတော့ အလုပ် ရှင်တွေနဲ့ အလုပ်သမားတွေနဲ့ ညှိနှိုင်း ဖို့လိုတာပေါ့။ ဖြစ်သင့်တာကတော့ အလုပ်ရှင်က ကုန်ကျခံပေး နိုင်ရန် တော့ပိုကောင်းတာပေါ့''ဟု ဒုတိယ ဝန်ကြီးကဖြည့်စွက်ပြောသည်။

ယင်းကြောင့် အဆိုပါကိစ္စရပ် များကို အလုပ်ရှင်များနားလည်မှသာ အဆင်ပြေ မည်ဖြစ်သည့်အတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းရမည်ဖြစ် ကြောင်း၊ ထိုသို့မဟုတ်ဘဲအတင်း ခိုင်းစေပါကလုပ်ငန်းရှင်များအနေ ဖြင့်လည်း ကျေနပ် မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြေလည်အောင်ဆွေး နွေးညှိနှိုင်း ရမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးကဆိုသည်။

လက်ရှိတွင်လည်းစက်ရုံအလုပ်ရုံ အတော်များများတွင် ယခုသတ်မှတ် လိုက်သည့်အခြေခံလုပ်ခ ကျပ် ၃၆၀၀ မှ ခရီးစရိတ်ဖယ်ရီခနှုန်း ထားများကို ဖြတ်တောက်မည်ဖြစ်ကြောင်းနှင့် တချို့စက်ရုံများတွင် ဖယ်ရီမစီစဉ်ပေး တော့ကြောင်း အစရှိသဖြင့်အသံများ ထွက်ပေါ်လျက်ရှိနေကြောင်းလည်း အလုပ်သမားအသိုင်းအဝိုင်းမှသိရသည်။

ရွှေလင်ပန်းစက်မှုဇုန်ရှိ ဖိနပ် စက်ရုံလုပ်သားတစ်ဦးက ''လစာ ထုတ်ရင်တော့ ဘယ်လိုလာမလဲမ သိဘူး၊ အခုတော့ဖယ်ရီခတွေကိုဖြတ်မယ်ဆို တာတော့ ကြေညာထားတယ်။ ဖယ်ရီမပေးပြန်ရင်လဲ OT ဆင်းရတဲ့ နေ့တွေ ကျရင် အဆင်မပြေဘူး။ ကျွန်မ တို့စက်ရုံဆိုအရင်က ည ၉ နာရီ ၁၀ နာရီလောက်မှပြန်လွှတ်တာတွေရှိတယ်။ အခုလဲ ည ၉ နာရီ၁၀ နာရီ ကျော်မှပြန်လွှတ်တဲ့အခါမျိုးတွေရှိ နေတယ်။ ဒါမျိုးဆိုရင် လှိုင်သာယာ ထဲမှာနေတဲ့လူတောင် ပြန်ဖို့အဆင် မပြေဘူး။ ထန်းတပင်ဘက်အထိပြန် ရတဲ့လူတွေရှိတယ်၊ ဒါတွေဆိုပိုပြီး အဆင်မပြေဘူး။ အများစုကမိန်း ကလေးတွေမို့ ဖယ်ရီမရှိဘဲကိုယ့်အစီအစဉ်နဲ့ ကိုယ်ကအလုပ်ပြန်ရင်အန္တ ရာယ်အရမ်းများတယ်''ဟု ပြောသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေ ၌ အခကြေးငွေအဓိပ္ပာယ်ဖွင့်ဆို ချက်တွင် အလုပ်ရှင်၏ နာရီပိုင်းအ လုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ်သို့မဟုတ်အခြား အချိန်ပိုင်းအလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေး ရသဖြင့် ရသင့်သည့်အခကြေးငွေနှင့် လုပ်ခလစာတို့ကို ဆိုလိုခြင်းဖြစ်ပြီး အဆိုပါစကားရပ်တွင် အချိန်ပိုလုပ် ခ၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေးသည့်ဆုကြေး ငွေများသည်လည်းကောင်း၊ ဝင်ငွေ အဖြစ်သတ်မှတ်နိုင်သောအခြားငွေ နှင့် အကျိုးခံစားခွင့်များလည်းပါ ဝင်ကြောင်းဖော်ပြထားသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment