Tuesday 8 September 2015

တစ်သီးပုဂ္ဂလပြိုင်မည့် ဒေါက်တာညိုညိုသင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းများဖွင့်မည်

ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းအ ဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ရွေး ကောက်ပွဲအောင်နိုင်ရေးရုံးခန်း များကို စက်တင်ဘာ ၈ ရက်တွင် မြို့နယ်အတွင်း  စတင်ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းအဖြစ်  ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေး  ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်များဆောင် ရွက်ရန် ရွှေတိဂုံစေတီတော်အနီး ရေတာရှည်လမ်းသစ်နှင့် ရန်ကင်း မြို့နယ်အနီး  ဦးချစ်မောင်လမ်း များတွင် အဆိုပါရုံးများကိုဖွင့်လှစ် ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာညိုညိုသင်းက  ပြော သည်။

ဒေါက်တာညိုညိုသင်းသည် မူလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုခဲ့သော်လည်း ပါတီက ရွေးချယ်ခြင်းမပြုသဖြင့် တစ်သီး ပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

‘‘အန်တီ့ကို ထောက်ခံတယ် ဆိုရင် ပေးထားတဲ့ ဖုန်းနံပါတ် တွေကို ဆက်သွယ်ပြီး ရုံးခန်းလေး ကိုလာရောက်ပြီး အားပေးပါလို့ ပြောချင်ပါတယ်’’ဟု ဒေါက်တာ ညိုညိုသင်းကပြောသည်။


မိမိအနေဖြင့် တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သောကြောင့် NLD ကို မဲပေးလိုသော မဲဆန္ဒရှင် များ အခွင့်အရေးဆုံးရှုံးမှုမရှိဘဲ ပြည်သူ့လွှတ်တော်အတွင်း မိမိ ကို မဲပေးကာ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ် တော်အတွက် NLD ကိုယ်စား လှယ်လောင်းများကို မဲပေးနိုင် သည့် အခွင့်အရေးရှိကြောင်း ၎င်း က ပြောသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌၀ါရင့်နိုင်ငံ ရေးသမား ဦးသုဝေဦးဆောင် သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

7Day Daily 

No comments:

Post a Comment