Tuesday 8 September 2015

နှစ်နိုင်ငံနယ်စပ်အနီးတွင် နာဂဒေသခံနှစ်ဦးကို အိန္ဒိယစစ်တပ်က ဖမ်းဆီး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ် ခွဲမှ ဒေသခံနှစ်ဦးကို အိန္ဒိယနယ် စပ်လုံခြုံရေးစစ်တပ်က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

ပန်ဆောင်မြို့မှ ဒေသခံနှစ် ဦး နယ်စပ်အနီးတောထဲသို့ သစ်ခုတ်သွားစဉ် အိန္ဒိယနိုင်ငံ၊ နယ်စပ်လုံခြုံရေးတပ် အမှတ် (၄၂) အာ စန်(အာသံ) ရိုင်ဖယ်တပ်က စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပန်ဆောင်ဒေသခံတစ်ဦးက ပြောသည်။ ‘‘ရွာသားနှစ်ယောက်က နယ် စပ်ကျောက်တိုင်နားမှာရှိတဲ့ တောထဲမှာ သစ်ခုတ်သွားရင်းနဲ့ အိန္ဒိယ စစ်တပ်က ဖမ်းသွားတယ်။ အခု အချိန်ထိ ပြန်မလွတ်သေးဘူး’’ဟု ဒေသခံကပြောသည်။

ဖမ်းဆီးခံထားရသည့် ဒေသ ခံနှစ်ဦးမှာ ပန်ဆောင်မြို့အောက် ရပ်ကွက်တွင်နေထိုင်သည့် ဦးခပ် ပိန်းနှင့် ဦးညဆိုင်းတို့ဖြစ်ပြီး စပါး တိုက်ဆောက်ရန် နယ်စပ်အနီးရှိ တောထဲသို့ တိုင်ခုတ်သွားစဉ် ဖမ်း ဆီးခံရခြင်းဖြစ်ကြောင်း သိရ သည်။ ဒေသခံနှစ်ဦး ဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ အိန္ဒိယစစ်တပ်သို့ ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကြေးနန်းဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လွှဲအပ်ပေးမည်ဟု အိန္ဒိယစစ် တပ်က အကြောင်းပြန်ခဲ့ကြောင်း ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဘားမန်းက ပြောသည်။

‘‘ကျွန်တော်တို့က ကြေးနန်း နဲ့တော့ ဆက်သွယ်ထားတယ်။ သူ တို့တပ်ကလည်း ရဲကိုပြန်အပ် ထားတယ်လို့ ပြောတယ်။ သူတို့ ကတော့ ပြန်လွှဲပေးမယ်လို့ ဟိုနေ့ က ဖုန်းနဲ့ဆက်လာတယ်’’ဟု ဦး ဘားမန်းက ပြောသည်။ အဆိုပါ အရပ်သားနှစ်ဦး သည် တောထဲသို့ သစ်ခုတ်သွား စဉ် တံဆိပ်မပါသည့် စစ်ယူနီ ဖောင်းဝတ်စုံများ ၀တ်ဆင်ထား သည့်အတွက် အိန္ဒိယစစ်တပ်က မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်းဖြစ်နိုင်ကြောင်း ဦးဘား မန်းက ပြောသည်။

အရပ်သားနှစ်ဦး ပြန်အပ်ပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ် က အရပ်သားဟုတ်မှန်ကြောင်း ထောက်ခံစာရေးပို့ပေးရန် အိန္ဒိယ စစ်တပ်က တောင်းဆိုထားကြောင်းသတင်းရရှိသည်။ သို့သော် အရပ် သားနှစ်ဦးအား ပြန်လွှဲပေးမည့် ရက်ကို အတိအကျပြောဆိုထားမှု မရှိသေးကြောင်း သတင်းရရှိ သည်။

ပန်ဆောင်မြို့နယ်ရှိ ဒေသ ခံများအား အပတ်စဉ် တနင်္လာနှင့် သောကြာရက်များတွင် နှစ်နိုင်ငံ အစိုးရနားလည်မှုဖြင့် အိန္ဒိယနိုင်ငံ အတွင်းရှိ နန်ပေါင်မြို့သို့ နေ့ချင်း ပြန်ခရီးဖြင့် နယ်စပ်ဖြတ်ကျော် ဈေးဝယ်ခြင်းများကို ခွင့်ပြုထား သည်။ ပန်ဆောင်မြို့သည် မြန်မာ- အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ အ ခွန်လွတ်ဈေးများ တည်ဆောက် ရေးစီမံကိန်းတစ်ခုတွင် ပါဝင် သည့် မြို့နယ်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်း၊ မြန်မာ နယ်စပ်အနီး မဏိပူရပြည်နယ် တွင် အိန္ဒိယစစ်တပ်ယာဉ်တန်း ဖြတ်သန်းစဉ် သူပုန်တပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်ခြင်းကြောင့် အိန္ဒိယစစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ရပြီး နောက် အိန္ဒိယ-မြန်မာနယ်စပ်လုံ ခြုံရေး ပြန်လည်တင်းမာလာခဲ့ သည်။ ထိုကဲ့သို့ ချုံခိုတိုက်ခိုက်ခဲ့ပြီးနောက် မဏိပူရ၏ ချန်ဒဲလ် ခရိုင်မှနေ၍ တိုက်ခိုက်ရေးအဖွဲ့ များ မြန်မာနိုင်ငံအတွင်းသို့ နယ် စပ်ဖြတ်ကျော် ၀င်ရောက်သွား သည်ဟုဆိုကာ ခြေရာခံရန်အ တွက် စစ်သားရာပေါင်းများစွာနှင့် ရဟတ်ယာဉ်များပါဝင်သည့် ရှာ ဖွေမှုကြီးတစ်ခုကို အိန္ဒိယစစ်တပ် က ဇွန်လ ၉ ရက်တွင် ပြုလုပ်ခဲ့ သည်။

7Day Daily 

No comments:

Post a Comment