Tuesday 8 September 2015

မြန်မာနှင့် နယူးဇီလန် ရေဘေးရန်ပုံငွေဘောလုံးပွဲ သရေကျ ကွင်းဝင်ကြေးနှင့် အလှူငွေကျပ်သိန်း ၁,၆၀၀ ကျော်ရရှိ

မြန်မာအသင်းနှင့် နယူးဇီလန်အသင်းတို့ သုဝဏ္ဏအားကစားကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ − နစ်ကီ)
 ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် နယူးဇီ လန်အသင်းတို့ပွဲတွင် တစ်ဖက် တစ်ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။

စက်တင်ဘာ ၇ ရက်က ရန် ကုန်မြို့ သုဝဏ္ဏအားကစားကွင်း တွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါခြေ စမ်းပွဲ၌ နယူးဇီလန်အသင်းက ပထမပိုင်း ပွဲကစားချိန်တွင်အသာ စီးရရှိကာ ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း မြန်မာအသင်းနောက်တန်းနှင့် ဂိုး သမားတို့ ကာကွယ်နိုင်ခဲ့၍ ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။

ပထမပိုင်း ၃၆ မိနစ်တွင် မြန်မာအသင်းတိုက်စစ်မှူး ကျော် ကိုကိုသည် ဂိုးသမားကို ကျော် ဖြတ်ကာ ဂိုးသွင်းယူရန် ကြိုးစား ခဲ့သော်လည်း ဂိုးသမားကဖမ်းမိခဲ့ သည့်အတွက် နစ်နာခဲ့ရသည်။ ပွဲ ချိန် ၄၁ မိနစ်တွင် နယူးဇီလန် ကစားသမား Ryan ကို မြန်မာ နောက်တန်း ကစားသမားများ ဖြတ်ထုတ်ပုံကြမ်းခဲ့၍ ကွင်းလယ် ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို တိုက်စစ်မှူးEdward က ကန်သွင်းကာ ဦးဆောင်ဂိုးရရှိ ခဲ့သည်။ ပထမပိုင်း ပြီးဆုံးချိန်တွင် နယူးဇီလန်အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်း ကွင်းလယ်၌ ခြေစမ်းမပြနိုင် သည့် အောင်သူအစားသန်းပိုင်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး မြန်မာ အသင်းက နယူးဇီလန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် အသင်းခေါင်းဆောင် ရန်အောင်ကျော် ဖြတ်တင်ပေးသည့် ဘောလုံးကို သီဟဇော်က အပိုင်ကန်သွင်းကာ ချေပဂိုးရရှိခဲ့သည်။

ယင်းနောက်တွင် နှစ်သင်းစ လုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိ၍ ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့်သာ ပြီးဆုံး ခဲ့သည်။ အဆိုပါ ရေဘေးသင့် ရန်ပုံငွေခြေစမ်းပွဲတွင် ကွင်းဝင် ကြေးအပါအ၀င် အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ် ၁,၆၃၈ သိန်းနှင့် အမေရိကန်ဒေါ်လာ ၅,၀၀၀ ရရှိခဲ့သည်။

7Day Daily 

No comments:

Post a Comment