Tuesday 8 September 2015

ရွေးကောက်ပွဲကာလတစ်လျှောက် ရခိုင်ပြည်နယ် မောင်တောနယ်စပ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားမည်

ရွေးကောက် ပွဲကျင်းပမည့်အချိန်နှင့် မကျင်းပမီ အချိန်ကာများတွင် ရခိုင်ပြည်နယ် မောင်တောနယ်စပ်၌ လုံခြုံရေးတပ် ဖွဲ့ဝင်များကို တိုးမြှင့်ချထားရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလ၊ ရွေး ကောက်ပွဲပြီးကာလများအတွက် လုံ ခြုံရေးတပ်ဖွဲ့ဝင်များကို ယခင်ထက် ပိုပြီး တိုးမြှင့်ချထားသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များ တွင်လည်း လိုအပ်သလို လုံခြုံရေးကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ''အင်အား ဘယ်လောက်တိုးမြှင့်ချထားမယ်ဆို တာတော့ ပြောလို့မရသေး ပါဘူး။လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တိုးချထားမှာပါ။ အဓိကကတော့ မောင်တောနယ်စပ် ဝင်ထွက်ပေါက် တွေနဲ့ မြို့ပေါ်က ဘာသာရေးအ ဆောက်အအုံအနီးတစ်ဝိုက်မှာ ချ ထားသွားမှာပါ။ ဒါ့အပြင် ဘူးသီး တောင်နဲ့ တခြားမြို့နယ်တွေရဲ့ လုံခြုံ ရေးကိုလဲ လိုအပ်သလို ဆောင်ရွက် သွားမှာပါ''ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း သို့ အကြမ်းဖက် အစွန်းရောက် ဖောက် ခွဲရေးသမားများ ဝင်ရောက် နိုင်ကြောင်း အင်တာပိုရ်မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ အကြောင်း ကြားထားသဖြင့် ရွေးကောက်ပွဲနီး စပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နယ်စပ် ဝင်ထွက်ပေါက်များတွင် လုံ ခြုံရေးအဖွဲ့အစည်းများ တိုးမြှင့်ချ ထားလျက်ရှိပြီး မြို့ကြီးများတွင်လည်း လှည့်ကင်းပတ်ကင်း၊ ယာဉ်စစ်ဆေး ခြင်းများကိုလည်း ဆောင်ရွက် ထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

KMZ
‎Democracytoday‬

No comments:

Post a Comment