Tuesday 8 September 2015

ထိုင်း-မြန်မာ နယ်စပ်တွင် ကောင်းကင်မှ ပြုတ်ကျလာသည့် အရာဝတ္ထုများကြောင့် ဒေသခံများထိတ်လန့်

ထိုင်း-မြန်မာနယ်စပ် တွင် စက်တင်ဘာ ၇ ရက်နံနက် က ဥက္ကာခဲ (သို့မဟုတ်) ဂြိုဟ်တု အပျက်အစီးဟု ယူဆရသော တောက်ပသည့် မီးလုံးကြီးများ ကောင်းကင်ထက်မှ ကျဆင်းလာ ၍ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံများ ထိတ်လန့်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ထားဝယ်ခရိုင် မေတ္တာမြို့နယ် ထားဝယ်-ထီးခီးလမ်း အနီးရှိ ငရံ့နီချောင်း၏ အရှေ့ မြောက်ဘက်တစ်နေရာသို့ ဥက္ကာ ခဲ(သို့မဟုတ်) ဂြိုဟ်တုအပျက်အစီးဟုယူဆရသော အပိုင်းအစ များ ပျက်ကျခဲ့ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး)ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

‘‘ကောင်းကင်ပေါ်က တစ်ခု ကျလာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ လေယာဉ်တော့ မဟုတ် ပါဘူး။ ထိုင်းနိုင်ငံဘက်မှာလည်း ဒါမျိုးတွေကျနေတယ်ဆိုတော့ ဥက္ကာခဲ (ဒါမှမဟုတ်ရင်) ဂြိုဟ်တု အပျက်အစီးတွေလို့ ယူဆရပါ တယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါအရာဝတ္ထု ကောင်း ကင်မှ ပြုတ်ကျခြင်းကို လေယာဉ် ပျံပျက်ကျသည်ဟု ပြောကြားမှု များရှိနေပြီး ထိုင်းနိုင်ငံထုတ် ဘန် ကောက်ပို့စ်သတင်းစာကမူ ဘန် ကောက်ကောင်းကင်ယံတွင် မီးလုံးကြီးတစ်လုံး ကျဆင်းလာမှုကို အဖြေရှာမရသေးကြောင်း ရေးသားဖော်ပြသည်။

အဆိုပါပစ္စည်းပြုတ်ကျလာ သည့်နေရာသည် KNU ထိန်းချုပ် နယ်မြေဖြစ်သော်လည်း တော တွင်းတစ်နေရာဖြစ်ပြီး လမ်းခရီး အခက်အခဲရှိသဖြင့် မည်သည့် အရာဖြစ်ကြောင်း အတည်ပြု ပြောကြားနိုင်ခြင်းမရှိသေးပေ။

‘‘ထိုင်းနိုင်ငံမှာတော့ နယ်စပ် နေရာအတော်တော်များများကျ နေတယ်လို့ သိရတယ်။ ပြီးတော့ လူနေအိမ်ခြေတွေနား ကျလာ တော့ စိတ်ပူနေကြတယ်။ ဒီဘက် မှာတော့ အဲဒီနေရာတစ်ခုတည်းပဲ ကျတယ်လို့ကြားရတယ်’’ ဟု ထီးခီး-ထားဝယ်ပြေးဆွဲနေသော ယာဉ်မောင်း တစ်ဦးက ပြော သည်။

ထိုင်းနိုင်ငံ ကန်ချနာပူရီခရိုင် ထပ်ဆောင်မြို့နယ် မဲလန်းဒွမ် ကျေးရွာအနီးရှိ ဓာတုဘုရားနှင့် မီလာဘွန်မီဆေးရုံအနီးတွင် ၅ မိနစ်ခန့်ကြာလျှင် တစ်ခုနှုန်းဖြင့် ယင်းသို့ကောင်းကင်မှ ပစ္စည်းများ ကျလာခြင်းဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၇ ရက် နံနက် ဒေသစံတော်ချိန် ၈ နာရီ ၄၀ မိနစ် ခန့်တွင် ကောင်းကင်ယံမှ ကျဆင်း လာသည့် တောက်ပကြီးမားသော မီးလုံးကြီးတစ်လုံးကို ဘန်ကောက်မြို့ မြောက်ပိုင်း၌ ရာနှင့်ချီသော နေထိုင်သူများ တွေ့မြင်ခဲ့ရသည်။

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနာပူရီမြို့မှ ဒေသခံအချို့ ကလည်း ၎င်းတို့သည် အဆိုပါ တောက်ပသည့် အရာဝတ္ထုကို တွေ့မြင်လိုက်ရကြောင်း အခိုင် အမာဆိုသည်။ Jor Sor 100 ရေဒီယိုက  ယင်းဖြစ်စဉ်သည် ဥက္ကာခဲအပိုင်းအစတစ်ခု လေထု ထဲဖြတ်သန်းဝင်ရောက်စဉ် လောင် ကျွမ်းပျက်စီးသွားခြင်းဖြစ်မည်ဟု ခန့်မှန်းဖော်ပြခဲ့သော်လည်း ထိုင်း အာဏာပိုင်များက ယင်းသည် ဥက္ကာခဲ တစ်ခုဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးဘဲ ရှိနေ ကြောင်း ဘန်ကောက်ပို့စ်သတင်း စာ၌ ဖော်ပြထားသည်။

ဘုရားသုံးဆူအပါအဝင် ထားဝယ်ခရိုင်ရှိ ထိုင်း- မြန်မာနယ်စပ်တစ်လျှောက်ဒေသများ တွင်လည်း ယင်းသို့ ကောင်းကင်မှ ပစ္စည်းများကျလာခဲ့ကြောင်း သိရ သည်။

ယင်းသို့ ကောင်းကင်မှ ကျ လာသောပစ္စည်းများကို ထိုင်း နိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်မှု များ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်း နိုင်ငံ နယ်စပ်ဘက်မှလာသော သတင်းများက ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment