Wednesday 27 May 2015

မိုးရာသီ ကော်ဖီပွဲတော် City Mart ဆိုင်ခွဲအားလုံးတွင် ပြုလုပ်မည်

 မိုးရာသီကာလတွင် Coffee Fair အစီအစဉ်အား City Mart ရန်ကုန်နှင့် မန္တလေးရှိ ဆိုင်ခွဲများအားလုံးတွင် ဇွန်လ ၄ ရက်မှ ၁၇ ရက်ထိ ပြုလုပ်သွားမည်ဟု City Mart က ထုတ်ပြန်ထားသည်။
ယင်း Coffee Fair အစီအစဉ်တွင် ကော်ဖီတံဆိပ်များဖြစ်သည့် Boncafe, Moccona, Nescafe, Premier , Rich, Khao Shong, Chek Hup, Shwe La Win, Good Day, Pop Pop, Hign Land, Birdy, Davidoff Café, IIIy, Coffe Vergnano နှင့် Lavazza Café စသည့် ကော်ဖီမှုန့်၊ ကော်ဖီမစ်အမျိုးမျိုးနှင့် ကော်ဖီအရသာတို့ဖြင့် တွဲဖက်အသုံးပြုရသည့် Aliko Coffee Filter Bag, Dawn Condensed Milk, Equal Sweetener, Green Land Sugar အမှတ်တံဆိပ် စသည်တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ထို့အပြင် ကော်ဖီ ကြိုက်နှစ်သက်သူများအတွက် ကော်ဖီဖျော်ရာတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများဖြစ်သည့် Phoenix, Endo နှင့် Zebra အမှတ်တံဆိပ်လျှပ်စစ် ရေနွေးအိုးများနှင့် ဓာတ်ဗူးမျိုးစုံတို့အပြင် ကော်ဖီဖျော်စက်များဖြစ်သည့် Philips Toaster နှင့် Hanabishi Jar Pot, Lock & Lock အနွေးဓာတ်ခံရေဗူးများ စသည်တို့အပြင် အခြားပစ္စည်းများကို ရောင်းချသွားမည် ဖြစ်သည်။
Mizzima

No comments:

Post a Comment