Wednesday 27 May 2015

မြန်မာ့ ရေပုတ်သင်မျိုးစိတ်သစ် တွေ့ရှိ

 မြန်မာနိုင်ငံမှ ရေပုတ် သင်မျိုးစိတ်သစ်အပါအ၀င် မ ဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃၀ ကျော်ကို သုတေသနပြုတွေ့ရှိခဲ့ ကြောင်း ကမ္ဘာလုံးဆိုင်ရာ သ ဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။
သုတေသနပြုတွေ့ရှိမှု၌ ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်းမြွေ တစ်မျိုးနှင့် ကမ္ဘာ့ဒုတိယအကြီး ဆုံး အင်းဆက်မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင်ဒေသအတွင်းတွေ့ရှိခဲ့ကြောင်း ယင်းအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အပင်မျိုးစိတ် ၉၀၊ တွား သွားသတ္တ၀ါ ၂၃ မျိုး၊ ကုန်းနေရေ နေသတ္တ၀ါ ၁၆ မျိုး၊ ငါး ကိုးမျိုးနှင့် နို့တိုက်သတ္တ၀ါ တစ်မျိုးတို့ပါရှိပြီး ယင်းတို့အနက် မျိုးစိတ်အများအ ပြားသည် စီမံကိန်းများ၊ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက် တွင်ရောင်းဝယ် ဖောက်ကားခံရ ခြင်း၊ သစ်တောပြုန်းတီးမှုမြင့် တက်လာခြင်းတို့ကြောင့် မျိုးသုဉ်း မည့် အန္တရာယ်နှင့်ရင်ဆိုင်ရလျက် ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

‘‘ကျွန်တော်တို့က မဟာမဲ ခေါင်ဒေသတွင်း အသစ်တွေ့ရှိမှု တွေထဲက အပေါ်ယံလောက်ကိုပဲ ဖော်ပြပေးထားတာပါ။ ဒါပေမဲ့ မျိုးစိတ်သစ်တွေကို တွေ့ရှိနေ တာနဲ့အမျှ သူတို့ရဲ့ အရေအတွက် ပေါ်ဖိအားကလည်း ပြင်းထန်လှ ပါတယ်။ တစ်ခါတလေ ကျွန် တော်တို့တောင် ရှာမတွေ့ကြရဘဲ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ မျိုးစိတ်တွေဘယ်လောက်ရှိလဲဆို တာစဉ်းစားမိပါတယ်’’ဟု WWF-Greater Mekong ၏ မျိုးစိတ်များ ထိန်းသိမ်းစောင့် ရှောက်ရေး မန်နေဂျာ ဒေါက် တာ တွမ်ဂရေးက ပြောသည်။

ယခုတွေ့ရှိသည့် မျိုးစိတ် သစ်များအပါအ၀င် ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် မဟာမဲခေါင် ဒေသတွင်း၌ ၁၉၉၇ မှ ၂၀၁၄  အတွင်း မျိုးစိတ်သစ်ပေါင်း ၂,၂၁၆ မျိုးကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရ န်ပုံငွေ အဖွဲ့(WWF) က ရှာဖွေတွေ့ရှိ ခဲ့သည်။
7 day

No comments:

Post a Comment