Wednesday 27 May 2015

နိုင်ငံရေးပါတီများ စစ်တပ်ဝင်းများသို့ ၀င်ရောက်မဲဆွယ်စည်းရုံးခွင့်ရရန် တစညတောင်းဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာ လတွင် နိုင်ငံရေးပါတီများအနေ ဖြင့် စစ်တပ်ဝင်းများသို့ ၀င်ရောက်၍ တပ်မတော်သားမိသားစုများ အား မဲဆွယ်စည်းရုံးခွင့်ရရှိရေး ရွေးကောက်ပွဲကော်မရှင်က ကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း သတင်းရရှိသည်။
မေလ ၂၅ ရက်က မန္တလေး မြို့တွင် ပြုလုပ်ခဲ့သည့် မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါ တီများ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ မီဒီယာများတွေ့ဆုံပွဲ၌ နိုင်ငံရေးပါတီများ စစ်တပ်ဝင်းများသို့ ၀င်ရောက်၍ မဲဆွယ်ခွင့်ရရေးကော်မရှင်က ကူညီဆောင်ရွက်ပေးရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယခင်က နိုင်ငံရေးပါတီများကတပ်မတော်မိသားစုအား စည်းရုံး ရာတွင် အ၀င်အထွက်လွယ်ကူခဲ့ ပြီး ပါတီစည်းရုံးရေးလုပ်ဆောင် ရန် တပ်မတော်စည်းရုံးရေးကော် မတီနှင့် ချိတ်ဆက်ကာ အလွယ် တကူဝင်ထွက်စည်းရုံးနိုင်သည် ဟု တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြော ကြားသည်။

စစ်တပ်က အာဏာသိမ်းခဲ့ ပြီးနောက် တပ်မတော်နှင့် နိုင် ငံရေးပါတီများကြား အလှမ်းကွာ ဝေးလာသည့် သဘောဖြစ်ခဲ့ပြီး လွန်ခဲ့သည့် ရွေးကောက်ပွဲများ တွင် နိုင်ငံရေးပါတီများအနေဖြင့် စစ်ဌာနချုပ်များနှင့် တပ်မတော် ၀င်းများသို့ ၀င်ရောက်မဲဆွယ်ရန် အခက်အခဲ ဖြစ်ခဲ့သည်ဟုဆို သည်။
‘‘ကျွန်တော်တို့နဲ့ တပ်နဲ့ဟာ အလှမ်းကွာဝေးလာပါတယ်။ အခု ဆိုလို့ရှိရင် တပ်ထဲဝင်စည်းရုံးဖို့က အခက်အခဲရှိပါတယ်။ တစ်ဖက်ကလည်းပဲ တပ်မှာမှီခိုနေရတဲ့ မိသားစုတွေရှိပါတယ်။ ဒီစည်းရုံးတဲ့ အပိုင်းမှာ ကျွန်တော်တို့ ဘယ်လို စည်းရုံးဆောင်ရွက်ရမလဲ၊ ဒီဥစ္စာကို ကော်မရှင်အနေနဲ့က တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းဆွေးနွေးလိုပါတယ်’’ဟု ဦးထွန်းကြည်က ပြောကြားသည်။
ဆွေးနွေးပွဲတွင် မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က စစ်တပ်ဝင်းများသို့ နိုင်ငံ ရေးပါတီများ အလွယ်တကူဝင် ထွက်စည်းရုံးခွင့်နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးဖြေကြားခြင်း မပြုခဲ့ပေ။
လက်ရှိတွင် မဲဆွယ်စည်းရုံးရေးကာလ မသတ်မှတ်ရသေးသည့်အတွက် တပ်မတော်ဝင်းများသို့ ၀င်ထွက်စည်းရုံးခွင့် မည်သို့ သတ်မှတ်မည်ကို အသေးစိတ်မသိရသေးဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်မတော်ဝင်းများသို့ နိုင်ငံ ရေးပါတီများ ၀င်ထွက်စည်းရုံးခွင့် အတွက် တရားဝင်ကန့်သတ်ပိတ် ပင်ထားမှုမျိုးမရှိဘဲ ယခုကဲ့သို့ ဆွေးနွေးခြင်းမှာလည်း တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ကြိုးပမ်းသည့်အနေဖြင့် တောင်း ဆိုခြင်းဖြစ်သည်ဟု ဦးထွန်းကြည် က ဆိုသည်။
ရွေးကောက်ပွဲမဲရုံအရေအ တွက်နှင့် မဲရုံတည်နေရာများကို ကြိုတင်အသိပေးရန်နှင့် ကြိုတင် မဲပေးသည့် အရေအတွက်အား စာရင်းထုတ်ပြန်ပေးရန် နိုင်ငံရေး ပါတီများက ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက် ဆည်နှင့် မြင်းခြံခရိုင်တို့တွင် အ ခြေခံမဲစာရင်းများကို လာမည့် ဇွန်လ ၈ ရက်မှစတင်ကာ ၁၅ ရက်ကြာအသိပေး ကြေညာမည်ဟု ဆိုသည်။
7Day Daily

No comments:

Post a Comment