Wednesday 27 May 2015

ဆူနာမီကောလာဟလကြောင့် ကျွန်းစုမြို့ဒေသခံတချို့ ထိတ်လန့်တိမ်းရှောင်နေရ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်တစ်ဖက်ကမ်းရှိ၊ ကျွန်းစုမြို့ပိုင် မအိုကျေးရွာအုပ်စုရှိ ပထော်၊ ပထက်၊ ရှင်မယဉ်သာ ကျေးရွာ များတွင် ယခုရက်ပိုင်းအတွင်း ဆူနာမီလာမည်ဟူသည့် ကောလာ ဟလများကြောင့် အထိတ်တလန့် ဖြစ်လျက်ရှိကြောင်း ဒေသခံများထံ မှ သိရသည်။

အဆိုပါသတင်းကြောင့် ရွာသားအချို့မှာတောင်ပေါ်သို့ ရွှေ့ ပြောင်းနေပြီး မြိတ်မြို့သို့ပြောင်းလာ သူများလည်း ရှိကြောင်း သိရသည်။

မအိုင်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဦးထွန်းလှက''ဒီနေ့ ၁၂ နာ ရီဆိုရင် ဒီရေတက်လာမယ်လို့ ရွာ ထဲမှာ ပြောသံကြားနေရတယ်။ အချို့ တောင်ပေါ် ကိုပြောင်းနေကြတယ်။ ဆူနာမီလာမယ်ဆိုတာကို အုပ်ချုပ် ရေးဘက်က တရားဝင်စာနဲ့ ကြိုတင် သတိပေးထုတ်ပြန်ထားတာမရှိပါ ဘူး''ဟု ပြောသည်။ 

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာအချို့တွင် ပထက်ရွာရှိ အအေး ခန်းစက်ရုံမှ အလုပ်သမား များကို ဆူနာမီသတင်းကြောင့် အလုပ်နားခိုင်း ထားသည်ဟု ရေးသား မှုများကိုတွေ့ရသော်လည်း ယင်းကျေးရွာရှိ အအေးခန်းစက်ရုံမှအ လုပ်သမားများမှာ ပုံမှန်အလုပ်ဆင်း နေကြကြောင်း အုပ်ချုပ်ရေးမှူး ဦး ထွန်းလှ၏အဆိုအရသိရသည်။

ပထက်ရွာတွင် နေထိုင်ပြီး မြိတ် ဆိပ်ငယ်တံတားတွင် သမ္ဗန်မောင်း သူတစ်ဦးက ''အသံတွေကတော့ မျိုးစုံပါပဲ။ ဆူနာမီလာမယ်၊ ရေကြီး မယ်၊ ဒီရေတက်မယ်လို့ ပြောနေ ကြတာပဲ။ မဖြစ်နိုင်ဘူးလို့တော့ ထင်ပါ တယ်''ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း အိန္ဒိယ နိုင်ငံမှ မီးတောင်ပေါက်ကွဲနိုင်ခြေ ရှိသဖြင့် သတင်းနှင့်ရေဒီယိုများကို မပြတ်နားထောင်ရမည်၊ ကမ်းနီးငါး ဖမ်းလှေများကိုလည်း ပင်လယ်ပြင် အတွင်းသတိထားသွားရမည်ဟု ရွာ သားအချင်းချင်းသတိပေးပြောဆိုမှု များသာရှိသည်ဟု ကျွန်းစုမြို့ နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံမြေငလျင်ကော်မတီမှ ဒုတိယ ဥက္ကဋ္ဌဦးစိုးသူရထွန်းက'' မီးတောင် ကတော်တော်ငြိမ်သွားပါပြီ။ ပုံမှန် အတိုင်းမီးခိုးထွက်တာလောက်ပဲရှိ တော့ပါတယ်။ ဖြစ်နိုင်ခြေတော်တော် အားနည်းသွားပါပြီ။ ကျွန်တော် တို့အနေနဲ့ အမြဲလေ့လာမှုတွေလုပ် ဆောင်နေ ပါတယ်''ဟု ပြောကြားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားရေးမှူးဦးစီးဌာန၏ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေမီတာအမြင့် တစ် မီတာမှ နှစ်မီတာအထိ မြင့်တက် နိုင်ကြောင်း သိရသည်။

ဆူနာမီနှင့်ပတ်သက်ပြီး တစ် စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိ ကြောင်း မြိတ်ခရိုင်လူမှုဝန်ထမ်းဦး စီးဌာန ဦးစီးမှူး ဒေါ်မော်မော်ဦး၏ ပြောကြား ချက်များအရ သိရသည်။

Dawei Watch, AA
‎Democracytoday‬

No comments:

Post a Comment