Wednesday 27 May 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် စစ်ဆေးနေ

တောင်ပြိုလက်ဝဲမြို့နယ် ခွဲ၌ ထိန်းသိမ်းထားသည့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခ သည်များကို စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ဦးဆောင် သည့်အဖွဲ့က မေလ ၂၆ ရက်တွင် သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။  

‘‘သူတို့နေရပ်လိပ်စာတွေ၊ လိုအပ်တဲ့အထောက်အထားတွေ ကို မေးမြန်းခဲ့တာ’’ဟု ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှ အမည်မဖော်လို သူအရာရှိတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာမိုဟာမက်မာဘူဘာရာမန် သည် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ လိုက်ပါ၍ တောင်မြို့လက်ဝဲမြို့နယ်ခွဲရှိ ယာယီစခန်းသို့သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီး ဒုက္ခသည်များကို စစ်ဆေးမေးမြန်းနေကြောင်း အစိုးရက မေလ ၂၆ ရက်တွင် သ တင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ဦးပါဝင်သည့် စက်လှေကို မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း တပ်မတော်(ရေ)က မေလ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

7Day DAILY 

No comments:

Post a Comment