Wednesday 27 May 2015

ယခုဘဏ္ဍာနှစ်တွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း သုံးသောင်း ဆောက်ပေးမည်ဟု ဒုဝန်ကြီး ပြော

ဆောက်လုပ်ရေး ၀န်ကြီးဌာနက၂၀၁၅-၁၆ဘဏ္ဍာ နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်းအိမ်ရာအ ခန်းပေါင်းသုံးသောင်း တည် ဆောက်ပေးမည်ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦး စိုးတင့်ကပြောကြားသည်။
‘‘တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်တိုင်းအတွင်းမှာပဲ မဟုတ် ပါဘူး။ တစ်ပြည်လုံးအတိုင်းအ တာနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒီနှစ်အ တွက် သုံးသောင်းဖြစ်ပါတယ်။ နောက်ဆက်ပြီးတော့လည်း တိုး သွားဖို့ မျှော်မှန်းထားပါတယ်’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် မေလ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုတိယ ၀န်ကြီး ဦးစိုးတင့်က ပြောကြား သည်။

တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ပုသိမ်၊ မော်လမြိုင်၊ ပဲခူး၊ ပြည် စသည့် နေရာများတွင် ဦးစားပေးတည် ဆောက်ပေးမည်ဟုဆိုသည်။
လက်ရှိတွင် အခြေခံပြည်သူ များ လက်လှမ်းမီဝယ်ယူနိုင်ရန် အဆိုပါ အိမ်ရာများပြီးစီးပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်က နှစ်ရှည်ငွေချေး မည့်အစီအစဉ်များရှိကြောင်း သိ ရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဌာ နက ပထမဦးဆုံးရောင်းချလိုက် သည့် ရွှေလင်ဗန်းအိမ်ရာ စီမံ ကိန်းကိုလည်း ယင်းဘဏ်က ရှစ် နှစ်ငွေချေးစနစ်ဖြင့် စတင်ဝန် ဆောင်မှုပေးနေပြီဖြစ်သည်။
ရန်ကုန်မြို့တွင် နှစ်စဉ်အ ခန်းပေါင်းတစ်သောင်းကျော်လို အပ်သော်လည်း အမှန်တကယ် ဖြည့်ဆည်းနိုင်မှုမှာ ခုနစ်ထောင် ကျော်သာရှိသဖြင့် အစိုးရက လက် ရှိအိမ်ရာကဏ္ဍဖြည့်ဆည်းမှု အပိုင်းတွင် အားနည်းနေသေး ကြောင်း မြို့ပြပညာရှင်များကဝေ ဖန်ပြောကြားကြသည်။
7Day DAILY

No comments:

Post a Comment