Wednesday 27 May 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအဆင့်မြှင့်တင်ရန် တင်ဒါလျှောက်ထားသည့်ကုမ္ပဏီ ၂၆ ခုရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရေး အတွက်ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၆၂ ခုမှ တင်ဒါလျှောက်ထားခဲ့သော်လည်း ကုမ္ပဏီ ၂၆ ခုသာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဝန် ကြီး ဦးစိုးတင့်ကဆိုသည်။

မေ ၂၆ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန တွင်ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ ဆုံပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးစိုးတင့်က ''အ မြန်လမ်းမကြီးကိစ္စကို BOT ပေးဖို့ အ စီအစဉ်ဆွဲထားတယ်။ ပြည်တွင်း ကုမ္ပဏီတွေပါသလို နိုင်ငံခြား ကုမ္ပဏီ တွေလဲပါတယ်။ အဲဒါလဲ ပြည်တွင်း ကုမ္ပဏီနဲ့ နိုင်ငံခြားကုမ္ပဏီ ဖက်စပ် လုပ်ဖို့အတွက် ပူးတွဲပြီးလုပ်ဖို့စီစဉ် ထားပါတယ်။ သက်ဆိုင်ရာကို တင် ပြပြီး အပိုင်းလိုက်ပဲ ပေးမလား။ အ ပိုင်းကို ဘယ်လိုပိုင်းမလဲ။ ဒါကို ဆက်ပြီးဆောင်ရွက်ရမယ့် အခြေအ နေရှိတယ်။ နှစ် ဘယ်လောက်ပေး မလဲ၊ BOT ပေးမယ်ဆိုရင် သတ် မှတ်ထားတဲ့နှစ်ရှိတယ်''ဟုဆိုသည်။

ယင်းသို့ဆောင်ရွက်ရန်အတွက် သက်တမ်းနှစ် ၄၀ နှင့်သက်တမ်းတိုး ငါးနှစ် (၃)ကြိမ်ပေးရန် အစီအစဉ်ရှိ ပြီး လက်ရှိဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၂၆ခုကို စိစစ်မှုများဆောင် ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ကဆိုသည်။
လက်ရှိ အမြန်လမ်းမကြီး၏ လမ်းမိုင်အရှည် ၃၆၆ မိုင် ၃ ဖာလုံ အား မူလစီမံကိန်းရည်မှန်းချက်ပုံစံ နှင့် အဆင့်မြှင့်တင်နိုင်ရန် (BOT) စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ပြီး ရင်းနှီးမြှုပ်နှံမှုခိုင်မာသော နိုင်ငံ တကာအတွေ့အကြုံရှိ အဖွဲ့အစည်းများကို ဦးစားပေးရွေးချယ်သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်လမ်းမကြီးကို (၈)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း (AC)၊ Guard Rail နှင့် CCTV တပ်ဆင်ခြင်း၊ လမ်းဘေး ဝဲ/ယာ တစ်ဖက် တစ်ချက်တွင် ခြံစည်းရိုးအပြည့် ကာရံခြင်း၊ ကျေးရွာချင်းဆက် (Service Roads)ကုန်ထုတ်လုပ်လမ်း များဖောက်လုပ်ခြင်းတို့ကို နိုင်ငံတကာ အမြန်လမ်းလမ်းမများကဲ့သို့ အဆင့် မြှင့်တင်သွားမည်ဖြစ်သည်။

MP
‪Democracytoday‬

No comments:

Post a Comment