Wednesday 27 May 2015

ဝန်ကြီးချုပ်နှင့် သံဃနာယက ဆရာတော်များပါသည့် ယာဉ်တန်းကို ဒီကေဘီအေအဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြိမ်းခြောက်

 ရွှေတိဂုံပုံတူစေတီတော် ဌာပနာပိတ်ပွဲကျင်းပရန် မြ၀တီ မြို့သို့သွားသော သံဃနာယက ဆရာတော်များနှင့် ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ယာဉ်တန်းကို အာရှလမ်းမကြီး ပေါ်တွင် ဒီကေဘီအေအင်အား ၂၀ခန့်က လက်နက်အပြည့်အစုံ ဖြင့် ခြိမ်းခြောက်တားဆီးခဲ့ ကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းဦးဆောင်သည့် အစိုး ရအဖွဲ့နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် များ အာရှလမ်းမကြီးကို ဖြတ်သန်းစဉ် ဒီကေဘီအေအင်အား ၂၀ ခန့်က အာပီဂျီအပါအ၀င် လက်နက်ကြီး အချို့ကို အသင့်အနေအထား ပြင်ဆင်လျက် ဖြတ်သန်းခွင့်ပိတ် ပင်ခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူများက ပြော သည်။

‘‘မနေ့က ၃ နာရီခွဲလောက် အဲဒီနားရောက်တယ်။ ၅နာရီခွဲ လောက်မှ ထွက်လို့ရတယ်။ အာ ပီဂျီကို ကျည်ထိုးပြီးတော့ ပခုံး ထမ်းပြီး ready position နဲ့။ ကျွန် တော်တို့က ကား ၁၈စီးဖြတ်မယ် ပြောပြီး ၂၈ စီးဖြတ်လို့ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ပိတ်တာပါပဲ။ BGF တို့ကပါ အင်အားတွေ ဘာ တွေ လာပြသွားရတဲ့အနေအ ထားရှိတယ်’’ဟု ၀န်ကြီးချုပ် ခရီး စဉ်ယာဉ်တန်းတွင် လုံခြုံရေးလိုက်ပါခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က မြ ၀တီမြို့တွင် တည်ထားသည့် ရွှေ တိဂုံပုံတူ မဟာကနကစေတီ တော် ဌာပနာပိတ်ပွဲသို့သွားရောက် ခြင်းဖြစ်သည်။ အာရှလမ်းမကြီး လမ်း ပိုင်းတစ်နေရာရှိ နားမကြား ဂိတ်၌ ဒီကေဘီအေအဖွဲ့က ဖြတ် သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ပြီး သံဃနာယက ဆရာတော်များ၊ ဒေသတွင်းအခြေစိုက် စစ်ဆင် ရေးကွပ်ကွဲမှုဌာနချုပ် စကခ(၁၂) မှ တပ်မတော် အရာရှိများနှင့် ကေအင်န်ယူတပ်ဖွဲ့မှ တာဝန်ရှိ သူများဦးဆောင်ကာ ညှိနှိုင်းပေးခဲ့ ရကြောင်း ကရင်ပြည်နယ် နယ် ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ကပြောသည်။
‘‘၀န်ကြီးချုပ်ကလည်း ဒီမှာ ဘုရားထီးတင်ပွဲလေ။ သံဃနာ ယက ဆရာတော်တွေလည်း အ များကြီးပါလာတယ်။ ဒီလိုလုပ် တာတော့ မကောင်းဘူးပေါ့။ မ ဖြစ်သင့်ဘူးပေါ့။ ဘယ်သူ့ကိုပဲဖြစ် ဖြစ် အပြန်အလှန်နားလည်မှုနဲ့ ရပ်တည်ရင်တော့ ပိုကောင်းတာ ပေါ့’’ဟု ၎င်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ပိုင်းအပြင် မြ၀တီနှင့် ကော့က ရိတ်မြို့အခြေစိုက် ဒီကေဘီအေ ဗိုလ်မှူးစောကျော်သက်နှင့် စော ဆန်းအောင်တို့ထံသို့ မေလ ၂၆ ရက်က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော် လည်း မရခဲ့ပေ။
7Day Daily

No comments:

Post a Comment