Wednesday 22 April 2015

လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့် တပ်မတော် တက်ရန် မသေချာ

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များထိပ် သီးညီလာခံသို့ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော်(AA) တာဝန်ရှိသူများတက်ရောက်ရန် မသေချာ သေး ကြောင်း ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ပြောခွင့် ရပုဂ္ဂိုလ် ကပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကိစ္စရပ်များ ဆွေးနွေး ဆုံးဖြတ်မည့် ထိပ်သီး ညီလာခံကို UWSP ဗဟိုဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တွင် မေလ ၁ ရက်မှ စတင်ပြုလုပ်မည်ဖြစ်သည်။ ယင်းထိပ်သီး ညီလာ ခံသို့ MNDAA၊ AAနှင့် ပလောင်ပြည်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) တို့ကို မဖိတ်ကြားရန် အစိုးရ ဘက်က အကြောင်းကြားထားကြောင်း UWSP ကဆိုသည်။

UWSP ပြောခွင့်ရပုဂ္ဂိုလ် ဦး အောင်မြင့်က ယင်းအဖွဲ့များကို မူလက ဖိတ်ကြား ထားသော် လည်း လက်ရှိ အခြေအနေအရ တက်ရောက်ရန် မသေချာသေး ကြောင်း ပြောသည်။

‘‘အပေါ်ပိုင်းက ဆွေးနွေးပြီး မှပဲ သိရမှာပါ’’ဟု ဦးအောင်မြင့် က ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာညှိ နှိုင်းရေးအဖွဲ့(NCCT) မှ ဗိုလ်မှူး ကြီး ခွန်ဥက္ကာ ကလည်း ထိပ်သီး ညီလာခံသို့ ဖိတ်ကြားထားသည့် အထဲမှ ၁၁ ဖွဲ့တက်ရောက်မည် ဟုဆိုပြီး မည်သည့် အဖွဲ့များ တက်ရောက်မည်ကို အသေးစိတ်ပြော ဆိုခြင်းမရှိခဲ့ပေ။ 

ထိပ်သီးညီလာခံတက် ရောက်ရန် မသေချာသော အဆိုပါအဖွဲ့ သုံးဖွဲ့စလုံးမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။ သို့သော်ယင်းအဖွဲ့ သုံးဖွဲ့သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ညှိနှိုင်းနေသည့်NCCT တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ 

7 Day DAILY 

No comments:

Post a Comment