Wednesday 22 April 2015

အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာမှုများပြား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှ ရှေးဘုရင်မင်းဆက် ၃၁ ဆက်ထီးနန်း စိုးစံခဲ့သော အင်းဝ မြို့ဟောင်းရှိ မယ် နုအုတ်ကျောင်းကို နိုင်ငံခြားသား ခရီးသွားများလာရောက်လေ့လာမှု များပြားလျက် ရှိကြောင်း သိရသည်။

အင်းဝမြို့ကို သက္ကရာဇ်-၇၂၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မင်းဆက် ၃၁ဆက် ထီးနန်းစိုးစံကာ နှစ်ပေါင်း ၄၀၀ ကြာတည်ရှိခဲ့သော မြို့ဟောင်းဖြစ်သောကြောင့် နန်း ဆောင်၊ မြို့ရိုးနှင့် ပြာသာဒ်တို့၏ ဗိသုကာ တည်ဆောက်ပုံ အမွမ်းပန်း လက်ရာများ၊ သာသနိကအဆောက် အအုံများတည်ဆောက်ပုံ အနုပ ညာလက်ရာများကိုပြည်တွင်း၊ ပြည် ပခရီးသွားများစိတ်ဝင်တစားလေ့ လာကြောင်း သိရသည်။

နိုင်ငံခြားသားများအနေဖြင့် မယ်နုအုတ်ကျောင်း၏တည်ဆောက် ပုံ၊ ရှေးခေတ်ပညာရှင်များ၏ ဗိသုကာ လက်ရာ၊ ပန်းရန်နှင့် ပန်းတမော့ အနုပညာလက်ရာများကို စိတ်ဝင်တစားလေ့လာ ကြကြောင်း၊ ကျောင်း ဆောင်ကြီးအတွင်းရှိ စင်္ကြံပတ်လမ်း နှင့် အခန်းဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါး တပ်ဆင်ပုံ၊ ကျောင်းကြီး၏ခံ့ညားထည်ဝါလှသော ဗိသု ကာလက်ရာများကို ဝင်ရောက်လေ့ လာကြကြောင်း၊ အဆိုပါ မယ်နုအုတ် ကျောင်းကြီးကို မြန်မာသက္ကရာဇ် ၁၁၈၄ခုနှစ်တွင် ဘကြီးတော်မင်း တရားကြီးနှင့် နန်းမတော်မယ်နုတို့က လှူဒါန်းခြင်းဖြစ်သည်။

ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး သက္ကရာဇ် ၁၁၈၉ ခုနှစ်တွင် မဟာအောင်မြေ ဘုံစံဟု ကမ္ပည်းထိုးကာ ညောင် ကန်ဆရာတော်ဦးပိုအား ရေစက်ချ လှူဒါန်းခဲ့သည်။ ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဒုတိယ ညောင်ကန်ဆရာတော် ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။ ကျောင်း ကြီးကို အုတ်၊ အင်္ဂတေဖြင့် မိဖုရား ခေါင်ကြီး မယ်နုကတည်ဆောက်ခဲ့ သောကြောင့် မယ်နုအုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။

အုတ်ကျောင်းအကျယ်အဝန်း မှာ အလျား ၁၉၂ပေ၊ အနံ ၁၁၂ ပေနှင့် အမြင့် ၉၄ပေရှိပြီး ကျောင်း တည်ဆောက်ရာတွင် အင်းဝခေတ် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် ၁၂၀ဝပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ နန်းမ တော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ် ၁၂၃၄ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

SLM
‎Democracytoday‬

No comments:

Post a Comment