Wednesday 22 April 2015

ရခိုင်စစ်ဘေးဒုက္ခသည်များကိုကူညီရန် ဒေသတွင်း အုပ်ချုပ်သူများ တားမြစ်နေဟု ဆို

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ဘေးသင့်သူ လေးရာကျော် ရှိနေပြီး ၎င်းတို့ကို ကူညီရေးအတွက် ဒေသတွင်းအုပ်ချုပ်သူများက တားမြစ်နေကြောင်းအရပ်ဘက် အဖွဲ့ အစည်းများ ထံမှ သတင်းရရှိသည်။

ကျောက်တော်မြို့နှင့် မိုင် ၂၀ခန့်အကွာ အောင်လံချောင်း၊ ဘင်ချောင်းနှင့် ပင်လုံကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ် ပြီး ထိုရွာသုံးရွာမှ ဒေသခံလေးရာ ကျော်ပိတ်မိနေကြောင်း ကျောက် တော်မြို့နယ် ရခိုင်လူမှုကွန်ရက်မှ ဦးထွန်းခင်ကပြောသည်။ ထိုရွာသုံးရွာအနီးရှိ တောင်ခြေများတွင် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် များရှိနေနိုင်သည်ဟု ဆိုကာ ဒေသခံများအား အစိုးရတပ်မတော်က နေရာရွှေ့ခိုင်းထားသော ကြောင့် အခက်အခဲများ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့က ထွက်ပြေးလာတဲ့သူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီဆို ပြီး ကျောက်တော်မှာ ဖွဲ့ထား တယ်။ ၂၅ ယောက်နဲ့ ဖွဲ့ထား တယ်။ အဲဒီမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား တွေကို ကူညီလို့ရ အောင်ဆိုပြီးတော့ စေတနာရှိတဲ့ သူတွေဆီက ဆန်ရယ်၊ ငါးခြောက်ရယ် အလှူခံပြီး တာ့ သွားပို့ဖို့ လုပ်တယ်လေ။ သွားပို့တော့ မပို့ ခိုင်းဘူးပေါ့။ လမ်းက ဖြတ်ပြီးတားထားတယ်’’ဟု ဦးထွန်းခင်က ပြောသည်။

ရဲတပ်ဖွဲ့ကလည်း ကျောက် တော်မြို့တွင်းတွင် ရှာဖွေစစ်ဆေး မှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ကယ်ဆယ်ရေး အဖွဲ့အား တားမြစ်သည့်ကိစ္စကိုဆက်သွယ်မေးမြန်းရာ ၎င်းတို့၏ ပြောရေး ဆိုခွင့်ရှိသူ အထက်လူ ကြီးရုံးတွင် မရှိသောကြောင့် ရှင်း မပြနိုင်ကြောင်း ကျောက်တော်မြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီကနေ့ ဖုန်းဆက်ပြီး တားမြစ်ပါတယ်။ မသွားနဲ့ပေါ့။ စစ်ဖြစ်နေတဲ့ နေရာဖြစ်တဲ့အတွက် အကူအညီသွားပေးလို့ မရဘူးလို့ ပြောပါတယ်’’ ဟု ကျောက်တော်မြို့နယ် အမျိုးသမီး ကွန်ရက်ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့သည် ဧပြီဒုတိယပတ်မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ပြီး ဧပြီ ၂၁ ရက် နံနက်ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကျောက်တော်ဒေသခံများထံမှ သတင်းရရှိသည်။ ရခိုင်တွင် ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်၍ အစိုးရ၏ ဧပြီ ၂၁ ရက် နောက်ဆုံး သတင်းထုတ်ပြန်မှုတွင် ရခိုင်သောင်းကျန်းသူ ငါး ဦးကို လက်နက်များနှင့်အတူ ဖမ်း မိထားပြီး ၎င်းတို့အား စစ်ဆေးမေး မြန်း၍ သတင်းဆက်လက်ဖော်ထုတ်နေပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်သောင်းကျန်းသူများ စိမ့်ဝင် ခိုအောင်းမှု မရှိစေရေး တပ်မ တော်စစ်ကြောင်းများက ဆက်လက် နယ်မြေရှင်းလင်းဆောင် ရွက်နေကြောင်း သတင်း ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment