Wednesday 22 April 2015

ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ်ကျင့်သုံးရန် မဖြစ်နိုင်တော့


အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်)ကျင့်သုံးခြင်းကို ဧပြီလအတွင်း လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လွှတ်တော်များ ခေတ္တနား ထားသောကြောင့် မဆုံးဖြတ်နိုင်၍ လာမည့်ရွေးကောက်ပွဲ၌ ယင်းစနစ်ကျင့်သုံးနိုင်တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊မသုံးကို ဧပြီလအတွင်း အပြီးသတ်မဆုံးဖြတ်ပေးပါက လာမည့် ရွေးကောက်ပွဲတွင် အဆိုပါစနစ်ကျင့်သုံးရန် ကော်မရှင်က ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်သို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

ကျင်းပနေဆဲဖြစ်သည့် အမျိုးသားလွှတ်တော် (၁၂)ကြိမ် မြောက်အစည်းအဝေးကို နှစ်သစ် ကူးရုံးပိတ်ရက်အဖြစ် ဧပြီ ၁၀ ရက် မှစတင်ရပ်နားထားပြီး မေလပထမပတ်မှသာ လွှတ်တော် အစည်းအဝေး ပြန်လည်စတင် မည်ဖြစ်သောကြောင့် အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်)ကျင့် သုံးမည့်အစီအစဉ်မှာ ပျက်ပြယ် သွားပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

‘‘ဒါကို လွှတ်တော်မနားခင် လေးမှာမှ ကော်မရှင်ဥက္ကဋ္ဌက စာပို့တယ်။ လွှတ်တော်ကလည်း မပြတ်နိုင်သေးတော့ ဒီစာအရ တော့ ဒီရွေးကောက်ပွဲမှာတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ အမျိုး သားလွှတ်တော်မှာတော့ ဒါကို အစီအစဉ်အတိုင်း ဆက်ဆွေးနွေး သွားမယ်။ လုပ်ဖို့ကတော့ ဧပြီ မတိုင်မီမှာ အပြတ်လုပ်ဖို့ မဖြစ် နိုင်တော့ဘူး’’ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဆွေ က ပြောသည်။

အချိုးကျကိုယ်စားပြုစနစ် ကို ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲ များတွင်ကျင့်သုံးရန် တိုက်တွန်း ကြောင်း အဆိုကိုလွှတ်တော်နှစ် ရပ်သို့ တင်သွင်းခဲ့ပြီးနောက် ပြည် သုံးရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီ များကြားတွင် ကြားနာပွဲများပြု လုပ်နေဆဲဖြစ်ပြီး ဥပဒေကြမ်း ကို ဆွေးနွေးသည့်အဆင့်ပင် မရောက်ရှိသေးကြောင်း ဥပဒေ ကြမ်းကော်မတီမှ သိရသည်။

အမျိုးသားလွှတ်တော်တွင် ဆွေးနွေး အတည်ပြုပြီးပါက လည်း ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့၍ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုမှသာ ဥပဒေအဖြစ် အတည်ပြုနိုင်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီ များမှ လွှတ်တော်ကိုယ်စားလှယ် များက အဆိုပါစနစ်ကျင့်သုံးခြင်း ကို ကန့်ကွက်ထားပြီး အခြေခံ ဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ပေး ရန် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ခုံရုံးသို့ပေးပို့ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ဥပဒေမူကြမ်းထွက်လာမှသာ အဆိုပါစနစ်ကျင့်သုံးခြင်းသည် ဥပဒေနှင့်ညီ၊ မညီစိစစ်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားထား သည်။

7Day Daily

No comments:

Post a Comment