Wednesday 22 April 2015

တိုင်းရင်းသားမျိုးနွယ်စု အမည်ပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး နှစ်ကုန်ပိုင်းတွင် ပြုလုပ်ဖွယ်ရှိ

တိုင်းရင်းသားမျိုးနွယ်စုများအမည် ပြောင်းလဲပြင်ဆင်ခြင်းအတွက် ပညာရှင်များနှင့် တိုင်းရင်းသား မျိုးနွယ်စု ခေါင်း ဆောင်များပါဝင်သည့် ညှိနှိုင်း အစည်းအဝေးကို ယခုနှစ်ကုန်တွင် ပြုလုပ်ရန်ရှိသည်ဟု သတင်း ရရှိသည်။

တိုင်းရင်းသားမျိုးနွယ်စုအ ချို့မှာ ၂၀၁၄ ပြည်လုံးကျွတ်လူဦး ရေသန်းခေါင် စာရင်းကောက်ယူ စဉ်က မျိုးနွယ်စုအမည်များ ပြောင်းလဲပြင်စဉ်ရန် တောင်း ဆိုမှု များရှိခဲ့၍ မေလတွင် ထုတ်ပြန်မည့် နောက် ဆုံးအဆင့် သန်းခေါင် စာရင်းအချက်အလက်များကို အခြေခံကာ ပြင်ဆင်လိုသည့်အမည်များ ဆက်လက် လုပ်ဆောင်မည်ဟု ပြည်သူ့အင်အား ဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

‘‘တချို့တိုင်းရင်းသားမျိုး နွယ်စုတွေက အမည်ပြောင်းချင် တာတွေရှိတယ်။ တချို့က သတ် ပုံပြင်ဆင် ချင်တာရှိတယ်။ ဒါကို ညှိနှိုင်းဖြေရှင်းဖို့ သမိုင်းပညာရှင် တွေ၊ သက်ဆိုင်ရာနယ်ပယ်က ပညာရှင်တွေနဲ့ တောင်းဆို မှုပြု လုပ်ထားတဲ့ လူမျိုးစုခေါင်းဆောင် တွေပါဝင်တဲ့ အစည်းအဝေးသီး သန့်လုပ်သွားမှာပါ။ ဒီနှစ်ကုန် လောက်မှာ ဖြစ်မယ်လို့ မျှော်မှန်း ထားတယ်’’ဟု ဦးမြင့်ကြိုင်က ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူစဉ်က ဖော်ပြ ထားသော မျိုးနွယ်စုကုတ်နံပါတ် များတွင် အချို့ သော တိုင်းရင်းသားမျိုးနွယ်စုများ လက်ခံထားသည့် အမည်နှင့် ကွဲလွဲမှုများရှိခဲ့၍ သန်းခေါင်စာရင်း ကောက် ယူမှု အပေါ် ဝေဖန်မှုနှင့် အငြင်းပွားမှု များရှိခဲ့သည်။

လက်ရှိတွင် ပြောင်းလဲပြင် ဆင်ပေးရန် တောင်းဆိုထား သော မျိုးနွယ်စုအရေအတွက် အတိအကျ မသတ်မှတ်နိုင်သေး ဘဲ သန်းခေါင်စာရင်းထုတ်ပြန် ချက် ထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာမျိုးနွယ်စု အသီးသီးမှ တုံ့ပြန်တင်ပြလာမည့်အပေါ် စောင့်ကြည့် ရမည်ဟု ၎င်းကပြောသည်။

သန်းခေါင်စာရင်းကောက် ယူစဉ်က ချင်း၊ ကချင်၊ ရှမ်းစ သည့် တိုင်းရင်းသားလူမျိုးများ အောက်ရှိ မျိုးနွယ်စု များမှ အမည် ကွဲလွဲချက်များနှင့် ပတ်သက်၍ ပြောင်းလဲပြင်ဆင်ပေးရန် အများ ဆုံးတောင်းဆိုထားသည်။ ကျွန်တော်တို့ကတော့ ရှမ်း နီမျိုးနွယ်စုအမည်ပျောက်မသွား အောင် တင်ပြထားတာပဲလေ။ ဒါ ကျွန်တော်တို့ လူမျိုးစုတွေရဲ့ ဆန္ဒပါ။ လ၀ကကညှိနှိုင်းစည်း ဝေးပွဲလုပ်ခဲ့ရင်လည်း ကျွန်တော် တို့ဘက်ကလည်း ဆက်လက်တင် ပြသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒီအစည်းအဝေးပွဲက ဘယ် လောက်အတိုင်းအတာအထိ လုပ် ပေးနိုင်မလဲဆိုတာကတော့ လို သေးတဲ့ အတွက် ထင်မြင်ချက် ပေးဖို့ စောသေးတယ်’’ဟု သန်း ခေါင်စာရင်းကောက်ယူစဉ်က ရှမ်းနီအမည်အစား ရှမ်းအသံ ထွက်ဖြစ်သည့် တိုင်းလျှန်ကုတ် နံပါတ်ဖြင့် ကောက်ယူခဲ့ခြင်း အ ပေါ် ထောက်ပြ ကန့်ကွက်ခဲ့သည့် ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုး တက် ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ တိုင်းရင်းသားမျိုး နွယ်စု ၁၃၅ မျိုးရှိပြီး ထိုသို့တောင်း ဆိုတင်ပြ ချက်များကြောင့် မျိုး နွယ်စုအမည်သစ်များထွက်ပေါ် လာနိုင်ဖွယ်ရှိနေသည်ဟု တိုင်း ရင်းသား လူမျိုးစုခေါင်းဆောင် အချို့က သုံးသပ်သည်။

7Day DAILY 

No comments:

Post a Comment