Wednesday 22 April 2015

မြို့ပတ်ရထားနှင့် ရထားလမ်းဖြတ်ကူးသည့် တက္ကစီ တိုက်မိ

ရထားနှင့်ကား တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − waiphyolwin facebook)
မင်္ဂလာဒုံမှ ရန်ကုန်ဘူ တာကြီးသို့ ဦးတည် ခုတ်မောင်းလာသော မြို့ပတ်ရထားနှင့် ရထားလမ်း ဖြတ်မောင်း သော တက္ကစီယာဉ်တစ်စီး ဝေဘာဂီဘူတာနှင့် ဥက္ကလာဘူတာ အကြားတွင် တိုက်မိခဲ့ကြောင်း သတင်း ရရှိသည်။ 

ဧပြီ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်က ဝေဘာဂီနှင့် ဥက္ကလာဘူတာအကြား ဖြတ်ကူးလမ်း တစ်ခု တွင် တက္ကစီယာဉ်တစ်စီးနှင့် မြို့ပတ်ရထားတိုက်မိခဲ့သဖြင့် ကားအနည်းငယ်ပျက်စီးသွားကာ လူထိခိုက်မှု မရှိကြောင်းနှင့် မြို့ပတ်ရထားကို ၁၅ မိနစ်ခန့် ရပ်နားခဲ့ရကြောင်း မြန်မာ့မီးရထား၊ သွားလာရေးဌာန၊ တိုင်းအမှတ် (၇)၏ လက်ထောက် အထွေထွေမန်နေဂျာတစ်ဦးက ပြောကြားသည်။

ရထားလမ်းကို ဖြတ်မောင်းလာသောမော်တော်ယာဉ်ကြောင့် မြို့ပတ်ရထားမှာ ဘရိတ်အုပ်ခဲ့၍ ပွတ်တိုက်မှု သာဖြစ်ခဲ့ပြီး ကြီးကြီးမားမားထိခိုက်ပျက်စီးခြင်းမရှိခဲ့ဘဲ တက္ကစီ ကားကိုယ်ထည်အ နည်းငယ်ချိုင့်သွားခြင်း၊ ကားမှန်ကွဲခြင်းတို့သာ ဖြစ်ခဲ့သည်။

‘‘မင်္ဂလာဒုံဘက်ကနေ မြို့ထဲတက်တဲ့ရထားပါ။ ခရီးသည် နှစ် ယောက်ပါတဲ့ တက္ကစီက ရထား လာတာကို ရှင်လောင်းလှည့် တယ်လို့ထင်ပြီး လမ်းကိုဖြတ်ရင်း တိုက်မိတာလို့ တက္ကစီဆရာက ပြောတယ်’’ဟု ရထားနှင့် တက္ကစီ တိုက်မိအပြီး မြင်တွေ့ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်နေသူ တစ်ဦးက ပြောသည်။

အဆိုပါဖြတ်ကူးလမ်းသည် မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်၊ မေယုလမ်းမကြီးမှ အနန်းပင်ရပ်ကွက် သို့ လူအများ ဖြတ်သန်းသွားလာနေသော လမ်း ဖြစ်သည်။ သို့သော် ယင်းနေရာ သည် တရားမ၀င်ဖြတ် ကူးလမ်း ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day DAILY 

No comments:

Post a Comment