Wednesday 22 April 2015

အချုပ်တွင် လူမည်းတစ်ဦး သေဆုံးပြီးနောက်အမေရိကန်အရာရှိများအား ရာထူးမှရပ်ဆိုင်း

အမေရိကန် အမျိုး သားတစ်ဦးသည် ကျောရိုးနဗ်ကြော ဒဏ်ရာကြောင့် အချုပ်တွင် သေဆုံးသွားပြီးနောက် မြောက်မြားစွာ သော ဘယ်လ်တီမိုးရဲများ ရာထူးမှ ရပ် ဆိုင်းခံခဲ့ရကြောင်း၊ ထိုအဖြစ်အပျက် နှင့်ပတ်သက်၍ စုံးစမ်းစစ်ဆေး မှုများ စေ့စေ့စပ် စပ်ပြုလုပ်ရန် ကတိ ပြုကြောင်း ရဲက ယမန်နေ့၌ ပြောခဲ့ သည်။

တနင်္ဂနွေနေ့က သေဆုံးသွား သော အသက် ၂၅ နှစ်အရွယ် ဖရက် ဒီဂရေးသည် ဧပြီ ၁၂ ရက်က ဖမ်း ဆီးခံခဲ့ရပြီးနောက် မောင်းပြန်ဓား တစ်လက် လက်ဝယ်ရှိမှုဖြင့် တရား စွဲခံခဲ့ရကြောင်း ရဲများ၏ ပြောကြား ချက်အရ သိရသည်။

ဂရေးသည် မည်ကဲ့သို့ သေ ဆုံးသွားရသည်ကို စုံစမ်းစစ်ဆေး မည်ဟု ရဲများက ပြောခဲ့ပြီး စုံစမ်း စစ်ဆေးမှုများကို အကဲဖြတ်ရန် လွတ်လပ်သော သုံးသပ်ရေးအဖွဲ့ တစ်ခု ထူထောင်မည်ဟု ပြောခဲ့ သည်။ စုံစမ်းစစ်ဆေးမှုများသည် နောက်တစ်ပတ်တွင် ပြီးဆုံးမည်ဖြစ် သည်။

အလောင်းခွဲစိတ်စစ်ဆေးမှု များအရ ဖရက်ဒီသည် ကျောရိုး နဗ်ကြောဒဏ်ရာကြောင့် သေဆုံး သွားရခြင်း ဖြစ်သည်ဟု အတည်ပြု ခဲ့ပြီးနောက် ၎င်းသေဆုံးခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Ref : The Straits Times
‎Democracytoday‬

No comments:

Post a Comment