Sunday 22 March 2015

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် အာဏာ၊ သယံဇာတခွဲဝေရေးနှင့် အခွန်အခ ခွဲဝေခြင်းကို လက်ရှိအခြေခံဥပဒေဖြင့် အကောင်အထည်ဖော်ရန် အဆိုတင်သွင်း


တပ်မတော်သား ကိုယ် စားလှယ်မှ တင်သွင်းသော သယံဇာတခွဲ ဝေရေးနှင့် အာဏာခွဲဝေရေး အရေးကြီး အဆိုကို NLD နှင့် တိုင်းရင်းသား ကိုယ်စား လှယ်အချို့ ပြန်လည်သုံးသပ်ရန် တင်ပြဆွေး နွေးခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် မှ အတည်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေ သတို့အား သယံဇာတခွဲဝေရေး၊ အာဏာခွဲ ဝေရေးနှင့် အခွန်အကောက် ကောက်ခံခြင်း တို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လက် တွေ့ အကောင်အထည် ဖော်ဆောင်ပေးရန် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအ ဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ် မှူးချုပ်တင့်ဆန်းက မတ် ၂ဝ ရက်က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ တင်သွင်းခဲ့သည်။

ယင်းတင်သွင်းချက်တွင် ၂ဝဝ၈ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသကြီးများတွင် ဥပဒေပြုရေး နှင့် အခွန်အခ ကောက်ခံခွင့်ဆိုင်ရာ သတ် မှတ်ချက်များနှင့်အညီ အာဏာခွဲဝေမှု၊ သယံ ဇာတခွဲဝေမှု၊ အခွန်အခခွဲဝေမှုများ ပီပီပြင် ပြင် ဖြစ်ပေါ် လာစေရေး တို့အတွက် သက် ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဥပဒေများ၊ နည်း ဥပဒေများအား တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှလက် တွေ့ အသုံးချနိုင်ရေးအတွက် ဥပဒေနှင့်နည်း ဥပဒေများအား ပြင်ဆင်ပေးရန် တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အဆိုပါ အရေးကြီးအဆိုနှင့် ပတ် သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များမှ ဝင်ရောက်ဆွေးနွေး တင်ပြခဲ့သည်။

ယင်းအဆိုမှာ အရေးကြီးအဆို ဟုခေါ်ထိုက်သည့် အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ် ခုလုံးမဟုတ်ဘဲ ပြင်ဆင်လိုသည့် အချက်ကို သာ ပြင်ဆင်ပြီး မပြင်လိုသည့်အချက်အား မပြင်၍ မရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုသည်။ ယင်းအဆို တင်သွင်း သည့်အချိန်မှာ တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးနေ သည့် အ ချိန်နှင့် တိုက်ဆိုင်နေသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များမှာ ဥပဒေပြုခွင့် ရှိသော်လည်း အကန့် အသတ်များစွာဖြင့် လုပ်ကိုင်နေရပြီး ရွေး ကောက်ခံ အစိုးရအဖွဲ့ဝန်ကြီးများမှာလည်း လုပ်ပိုင်ခွင့် သိပ်မရှိလှပေ။ ယင်းအပြင် ပြည် နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သမ္မတမှ ရွေးချယ်ထားပြီး တိုင်းရင်းသား အင်အားစုများကမူ အနာဂတ်တွင် ဖက်ဒ ရယ်ပြည်ထောင်စုသို့ သွားနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို လွှတ် တော်များမှ ရွေးချယ်ရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသည့် သယံ ဇာတခွဲဝေမှုကို ထည့်သွင်းပေးရန် ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရများ လုပ်ပိုင်ခွင့် ပိုမိုရရှိရန် လွှတ်တော်များ ဥပဒေပြုခွင့်နှင့် အခွန်အခများ ပိုမိုကောက်ခံခွင့် တို့ကို လက် ရှိအခြေခံ ဥပဒေပြင်ဆင်ရေးတွင် တစ်ပါ တည်း ဆောင်ရွက် လိုနေသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူများ ကမူ အထက်ပါအချက်များကို ပြင်ဆင်ပေး ခြင်းအားဖြင့် နှစ် ၆ဝ ဖြစ်ပွား နေသည့် ပြည် တွင်းစစ်ကိုလည်း ရပ်စဲရန် အထောက်ပံ့ ဖြစ်မည်ဟု သုံးသပ်ထားကြသည်။ လေ့လာ သူအချို့ကမူ ရန်ကုန်တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲ အခြေအနေ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ တင်သွင်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

''အခြေခံဘောင်တော့ မပြောင်း ဘဲ အဲဒီအထဲမှာပဲ နည်းနည်းတိုးပေးမယ်ဆို တဲ့ သဘောပေါ့။ ဗဟို ဝန်ကြီး ဌာနတွေက ဘယ်လို ခွဲဝေပေးမလဲဆိုတဲ့ စည်းမျဉ်းဥပ ဒေတွေ လုပ်ရမယ်။ အဲဒီအတွက် အပေါ် အောက် National Debate လုပ်ဖို့လိုတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကတော့ ပြည်နယ်တိုင်း လွှတ်တော်ကခန့်ရမယ်။ ဒါကလဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်မှ ရမှာပါ''ဟု မြန်မာ့အ ရေးလေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ် ပြောသည်။

Yangon Media Group

No comments:

Post a Comment