Sunday 22 March 2015

အကြမ်းဖက်ခံရမှုရှုတ်ချပွဲနှင့် ဖမ်းဆီးခံရသည့်ဝန်းရံသူ များ ပြန်လွှတ်ပေး ရန်တောင်းဆိုပွဲပြုလုပ်

သပိတ်မှောက်ကျောင်းသားများ အကြမ်းဖက်ခံရမှုရှုတ်ချပွဲနှင့် ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ဝန်းရံသူ များအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်တွင် မတ်လ ၂၁ ရက်ညနေကပြုလုပ်ခဲ့သည်။
အဆိုပါတောင်းဆိုလှုပ်ရှားမှုတွင် မိုးပျံပူဖောင်းအနက်ရောင် ပေါ်၌ ဖမ်းဆီးခံထားရသည့် ကျောင်းသား များ၏ နာမည်များ ကိုချိတ်ဆွဲ၍ လွှတ်ခြင်း၊ ကဗျာ ရွတ်ဆိုခြင်းနှင့် ငြိမ်းချမ်းရေးသီ ချင်းများသီဆိုခြင်းများကို မတ်လ ၂၁ ရက် ညနေ ၅ နာရီမှစတင်၍ ၆ နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် ပြည် သူတစ်ရာခန့် ပါဝင်တောင်းဆိုခဲ့ကြသည်။

‘‘ဒီလှုပ်ရှားမှု မစတင်ခင်မှာ ရဲတွေက ခွင့်ပြုချက်မရှိလို့ဆိုပြီး တော့ လာတားဆီးပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့နည်း နဲ့ တရားမျှတမှုကိုတောင်းဆိုတာ၊ အကြမ်းဖက်မှုကို ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ ဆန့်ကျင်တာပါ။ ဆက်ပြီး တော့လည်း လှုပ်ရှားမှု ပုံသဏ္ဌာန် မျိုးစုံနဲ့ဆက်ပြီးတော့ တောင်းဆို သွားမယ်’’ဟု လှုပ်ရှားမှုကို စီစဉ် သူတစ်ဦးဖြစ်သည့် Generation Wave လူငယ်အဖွဲ့မှ ကိုမိုဃ်း သွေးကပြောသည်။

တောင်းဆိုလှုပ်ရှားမှုတွင် ‘ပြည်သူ့ဘဝလုံခြုံရေး အကြမ်း ဖက်မှုကို အရေးယူပေး’၊ ‘အကြမ်းဖက်မှုအလိုမရှိ’၊ ‘သပိတ်မှောက် ကျောင်းသား၊ ပြည်သူများတစ်ယောက်မကျန်ချက်ချင်းလွှတ်’ စသည့် ကြွေးကြော် သံများကို ကြွေးကြော်ခဲ့ကြသည်။

‘‘ကျောင်းသားတွေပညာ ရေးဥပဒေပြင်ဆင်ဖို့ကြိုးစားခဲ့တဲ့ ကာလမှာဖြစ် ပွားခဲ့တဲ့ ဒီလို အကြမ်းဖက် မှုတွေကို ရှုတ်ချတဲ့ပွဲ မှာ ပြည်သူလူထုအနေနဲ့ ပါဝင် ပူးပေါင်းပေးတာကျေးဇူးတင်ပါ တယ်။ ဒီနေ့ ကျွန်တော် တို့ဆက် လက်တောင်းဆိုမှာက ဒီဖြစ်စဉ် တွေကို အစိုးရက ဘယ်လိုတာဝန်ယူ မှာလဲ။ ကျောင်းသားတွေ လွတ် မြောက်ဖို့အတွက် လုပ်ငန်းစဉ် တွေကို ဆက်လက်လုပ်ဆောင် သွားမှာပါ’’ဟု အဆိုပါပွဲတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကိုဇေယျာလွင် ကပြောသည်။

အလားတူ မတ်လ ၂၁ ရက် တွင် မန္တလေး၊ ပြည်၊ မော်လမြိုင်၊ တောင် ငူမြို့များ၌ ကျောင်းသား သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီး ကာအမှုဖွင့်အရေးယူထား မှုကို ကန့်ကွက်ရှုတ်ချပွဲ၊ ကျောင်း သားသပိတ် အား အကြမ်းဖက်ဖြို ခွင်းမှုနှင့်ပတ်သက်ပြီး အစိုးရ နုတ် ထွက်ပေး ရန်တောင်းဆိုပွဲ၊ ဆုတောင်းပွဲနှင့် လက်ပတ်ဖြူလှုပ် ရှားမှုများ ပြုလုပ် ခဲ့ကြသည်။

ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီ၏ ပင်မ သပိတ် စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျား ၁၀၇ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၁၂၇ ဦးအား ဖမ်းဆီးကာ မတ်လ ၁၁ ရက် ညနေ ၄ နာရီတွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်၍ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခဲ့ကာ မတ်လ၂၅ ရက်သို့ ရုံးချိန်းပေးထားခဲ့သည်။

7Day Daily

No comments:

Post a Comment