Sunday 22 March 2015

မလေးရှားအား ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ကြမ်းကြမ်းတမ်းတမ်း ကစားခြင်း ကို မကြိုက်ကြောင်း မြန်မာယူ-၂ဝ အသင်းနည်းပြချုပ် ပြောကြား


မလေးရှားအသင်းကို ဂိုးပြတ်အနိုင်ရရှိသော်လည်း မလိုအပ်ဘဲ ကြမ်းကြမ်းတမ်းတမ်းကစားခြင်းကို မကြိုက် ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်ကပြော သည်။

မြန်မာယူ-၂ဝအသင်းသည် မလေးရှားယူ-၂၂အသင်းကို ပွဲချိန် ၁၄မိနစ်တွင် သန်းပိုင်၊ ပွဲချိန်၄၃မိ နစ်တွင် ကျော်မင်းဦးတို့၏သွင်းဂိုးများဖြင့် ပထမပိုင်းတွင် အနိုင်ရနေသော်လည်း ကွင်းအတွင်းရှိ နှစ်ဘက် ကစားသမားများ မကြာခဏ အချင်း များမှုများရှိနေသည်။

ဒုတိယပိုင်းပွဲချိန်၅ဝမိနစ်တွင် မြန်မာယူ-၂ဝအသင်းအတွက် အောင်သူက တတိယဂိုးသွင်းယူနိုင် ခဲ့သည်။ ဒုတိယပိုင်းမိနစ်၆ဝကျော် တွင်မလေးရှားအသင်း ကစားအားကျသွားပြီး ပွဲပြီးတွင်မြန်မာယူ-၂ဝ က မလေးရှားယူ-၂၂အသင်း ကို ၃-ဝ ဖြင့်အနိုင်ရရှိခဲ့သည်။

ယင်းနှင့် ပတ်သက်၍မြန်မာ ယူ-၂ဝအသင်းနည်းပြချုပ်ဂတ်ဖ ရိုင်းဒရစ်က ''အလယ်တန်းကစားပုံ မကြိုက်ပါဘူး။ အသင်းကဒီထက် ပိုကြိုးစားဖို့ လိုသေးတယ်။ မလိုအပ်ပဲကြမ်းကြမ်းတမ်းတမ်း ကစားတာကို မကြိုက်ဘူး။ U-20 World Cup မှာဆိုရင် အနီကတ်ပြစ်ဒဏ် ရရှိနိုင် ပါတယ်''ဟုဆိုသည်။

ထို့အပြင် မလေးရှားယူ-၂၂ အသင်းနည်းပြချုပ် Razip ISmail ကလည်း မြန်မာ အသင်းဟာဖွဲ့စည်းမှု ကောင်းကြောင်း U-20 World Cup မှာလည်း အခြေအနေ ကောင်း နိုင်ကြောင်း၂ဝ၁၇ ဆီးဂိမ်းမှာလည်း အခြေနေကောင်း နိုင်ကြောင်းထုတ် ဖော်ပြောကြားခဲ့သည်။

မြန်မာယူ-၂ဝ အသင်းသည် မလေးရှားယူ-၂၂ အသင်းနှင့် ခြေ စမ်းပွဲ ကစားပြီးနောက် ကာလရှည် ဥရောပခရီးစဉ်တွင် U-20 World Cup ခြေ စစ်ပွဲအောင်မြင်ထား သည့် ဥရောပအသင်းနှစ်သင်းဖြစ် သည့် ဆားဘီးယား၊ ဟန်ဂေရီအ သင်းတို့နှင့် ခြေစမ်းပွဲကစားမည် ဖြစ်ပြီး အဆိုပါခရီးစဉ် တွင်ခြေစမ်း ပွဲ၁ဝပွဲ အထက်ကစားရန်စီစဉ်ထား သည်။

ယင်းခရီးစဉ်မှပြန်လည် ရောက်ရှိပြီးမေလဒုတိယပတ်တွင် သြစတြေးလျနိုင်ငံသို့ ၁ဝရက်ကြိုတင် သွားရောက် လေ့ကျင့်မည်ဖြစ် ၍နယူးဇီလန်နိုင်ငံ တွင် ၇ ရက် ခန့် ကြိုတင်နေထိုင်လေ့ကျင့်မည်ဖြစ် ပြီး U-20 World Cup ပြိုင်ပွဲမေ ၃ဝရက်မှ ဇွန် ၂ဝရက်အထိကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

NTL
Democracytoday

No comments:

Post a Comment