Sunday 22 March 2015

နှလုံးသားထဲကတဆတ်ဆတ်နာသည်

၂၀၁၅ခုနှစ် မတ်လ၃ရက်နေ့တွင် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်မှ ဦးဇော်ရိန် နှင့် သားဖြစ် သူအဋ္ဌမတန်းကျောင်း သားမောင်အောင်ပန်းတို့အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖေဖြစ်သူကိုပြန်လွှတ်ကာ ၁၅ နှစ်အရွယ်သာ ရှိသေးသော သားဖြစ် သူအား ကချင်လွတ်မြောက်ရေး တပ်မတော်အတွက် လူသစ်အဖြစ်ဖမ်းဆီးထားရှိခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအား အင်တိုက်အားတိုက် တည်ဆောက်နေ ချိန်တွင် KIA အနေဖြင့်အခွင့်ကောင်းယူကာ စစ်ရေးအင်အား တည် ဆောက်မှု အဖြစ် လူသစ်စုဆောင်းခြင်း များကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ လူသစ်စုဆောင်း ရာတွင်လည်းအသက်အရွယ်မပြည့်သေး သူကလေး သူငယ်များ အားစုဆောင်းနေခြင်းသည် ကချင်ပြည် နယ် တကယ်ငြိမ်းချမ်း ဖို့အရေးထက်၎င်းတို့အဖွဲ့အစည်း အကျိုးစီးပွားအတွက်သာ ဆောင်ရွက် နေကြောင်း တွေ့ရှိရပါသည်။ ဒေသခံပြည်သူများ၊မိဘများနေရာကစဉ်းစားကြည့်ပါ။ ကျောင်းတက်နေသော ကလေး ငယ်၏ ပညာရေးလမ်းပေါ်လျှောက် လှမ်းနေချိန်တွင် အရွယ်ရောက်စကလေးငယ်များအတွက် မည်မျှပင်စိုး ရိမ် နေကြလိမ့်မည်နည်း။ မိမိတို့၏သားသမီးများကိုဘယ်အချိန်တွင် လူသစ်အဖြစ် လာရောက်ခေါ်ဆောင် လိမ့်မလဲလို့ ရင်တထိတ် ထိတ်နှင့်ဖြစ်နေကြမည့် ဒေသခံမိဘများ၏ခံစားမှုကို ခွေးလောက်တောင် စဉ်း စား ဉာဏ်မရှိတဲ့ KIA အနေဖြင့် ကိုယ်ချင်းစာနာတတ်မည်မဟုတ်ပေ။

၎င်းတို့အနေဖြင့် ကချင်ပြည်နယ် ကောင်းစားရေးအတွက် ပါးစပ်က သာပြောနေသော်လည်း ဒေသခံများကို အသိဉာဏ်ကင်းမဲ့သည့် ဘ၀ မျိုးရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။ ပါးစပ်ကသာ ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြောနေ သော်လည်းလက်တွေ့ဆောင်ရွက်မှုများသည် အပြောနှင့်လုပ်ရပ်များ တစ်လွဲဖြစ်နေသည်။ ဒေသခံများ အနေဖြင့်ပင် KIA၏ငြိမ်းချမ်းရေးအလိုမရှိမှုများကို အမှန်တကယ် သိရှိလာနေကြပြီဖြစ်ပါသည်။ ထို့အတွက် ကြောင့်လည်း KIA လုပ်ရပ်များကို အကြီးအကျယ် စိတ်ပျက် နေကြပြီ ဖြစ်ပါသည်။

အသက်မပြည့်သေးသောသားဖြစ်သူအား မည်သည့်မိဘကမှ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်တွင် ထားရှိခြင်းအား နှစ်မြို့မည်မဟုတ်ပါ။ သားဖြစ်သူအတွက် ဘ၀ရှေ့ရေးများမျှော်တွေးရဦးမည်။ မိဘတိုင်း ပင်သားသမီးများကိုပညာတတ်ကြီးများဖြစ်စေချင်သည်။

တိုင်းကျိုးပြည်ကျိုးသယ်ပိုးဆောင်ရွက် သူများ ဖြစ်လိုကြသည်။ မည်သည့် မိဘကမှ တိုင်းဖျက်ပြည်ဖျက် လူမျိုးကိုအညွှန့်တုံးစေမည့် သူများ မဖြစ်စေ လိုကြပေ။ KIA အနေဖြင့် ကချင်ပြည်နယ်လွတ်မြောက်ရေး၊ ကချင် လူထုကောင်း စားရေး အသံကောင်းဟစ်နေသော် လည်းလက်တွေ့ တွင် ကချင်ပြည် နယ်ရှိ လူထုအားလူသစ်စုခြင်း၊ မှောင်ခို လုပ်ခြင်း၊ ဒေသ အတွင်းငြိမ်းချမ်းမှုမရှိအောင်ဆောင်ရွက်ခြင်းတို့ကြောင့် ဒေသခံလူမျိုးတူပြည်သူများပင် တဖြည်းဖြည်းရွံ့မုန်းလာခဲ့ကြပါသည်။ ထိုကဲ့သို့ KIA အနေဖြင့် ဆက်လက် ဆောင်ရွက်နေသမျှ ကာလပတ်လုံး ကချင်ပြည်သူတွေမျှော် လင့်တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေးအား အစိုးရမှကမ်းလှမ်းလာသော်လည်းကမ်းလှမ်းသည့်လက်အားမကြာခဏပုတ်ချနေခြင်းကြောင့် KIA အပေါ် များစွာစိတ်ပျက် နေကြပြီဖြစ်ပါသည်။

KIA ၏လုပ်ရပ်များသည် ယခုကဲ့သို့ ကလေးငယ်ကျောင်းသားများကို လူသစ်စုဆောင်းခြင်း သာမက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း မတ်လ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဒေသခံ ဆိုင်ကယ် ကယ်ရီသမား ၇ဦးအားမိုးမောက်နှင့် မန်စီမြို့နယ်အစပ်တွင် KIA အဖွဲ့မှ လူသစ်စုဆောင်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ KIA အဖွဲ့သည် ဆိုင်ကယ်ကယ် ရီသမား များအား ဖေဖေါ်ဝါရီ ၂၆ ရက် နေ့မှ မတ်လ ၄ ရက်နေ့အထိ လူသစ်အဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီးစုစုပေါင်း ၄၇ ဦးခန့် ရှိပြီ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခြင်းခံရသူများအားအင်ဘာပါ KIA စခန်းရှိစစ်သင်တန်းသို့ ပို့ဆောင် မည်ဟု လည်း ဖမ်းဆီးခံရသူများမှ ထွက်ပြေးလာသူ တစ်ဦးကပြောကြား ခဲ့ပါသည်။

ယင်းသို့ လူသစ်အဖြစ် ဖမ်းဆီးခြင်း များကြောင့် မိသားစုစားဝတ်နေရေး အတွက် ကယ်ရီပို့ဆောင် ပေးနေသူများမှာ ကယ်ရီ ပို့ဆောင်ပေးခြင်းများကို ရပ်နားထားရသောကြောင့် ၎င်းတို့၏ မိသားစုစားဝတ် နေရေး အတွက် ဒုက္ခရောက်နေကြ ရပါသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိတာဗြဲလေးရွှေမှော်များတွင် ရွှေတူးဖော်လုပ်ကိုင် နေသူများအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ မတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်တွင် ဆက်ကြေးငွေ များ လာရောက်တောင်းခံသွားကြောင်း ရွှေလုပ်ငန်း ရှင်တစ်ဦး မှ ပြောကြား ခဲ့ပါသည်။ ဒေါ့ဖုန်းယန်မြို့နယ်၊ အာလောဘွမ်စခန်းမှ KIA အဖွဲ့ဝင်၂ဦးသည် မတ်လ ၂ ရက်နေ့တွင် တာပိန်မြစ်ဘေးရှိတာ ဗြဲလေးရွှေမှော်များ သို့ ရောက်ရှိလာပြီး ရွှေတူးဖော် လုပ်ကိုင်နေသူများအား စက်ဆိုင်း ၁ ဆိုင်း လျှင် ဆက်ကြေးငွေ ၅၀၀၀၀ ကျပ် ပေးဆောင်ရ မည်ဖြစ်ပြီး ပေးဆောင်ခြင်း မရှိပါက လူသစ်အဖြစ်ဖမ်းဆီးပြီး KIA စစ်သင်တန်းကျောင်းသို့ပို့ခံရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ရွှေလုပ်သား တစ်ဦးမှလည်းပြောပြခဲ့ပါသည်။

ဒါတွေဟာကချင်ဒေသကြီးကောင်းစားရန်အတွက်လား၊ ကချင်ပြည်သူတွေ ဒုက္ခဘေးက လွတ်မြောက်ရန် အတွက်လား၊ ဒုက္ခတွင်းထဲပို့နေလား ဆိုတာကိုတော့ ကချင်ဒေသခံတွေ ကောင်းကောင်း နားလည်ခဲ့ကြ ပါပြီ။ ဒေသခံတိုင်းရင်းသားများ၏ရင်ထဲဝယ် KIA ၏ ကချင်ပြည်သူလူထု ကောင်းစားရေးဟု အသံ ကြားတိုင်း တဆတ် ဆတ်နာကြည်းမိသည်။

အော်ဂလီဆန်မိသည်။အော့နှလုံးနာမိသည်။KIA မှ မစင်စားပြီးပြော ရင်တောင် ယုံမယ့်သူမရှိပြီ။ KIA အနေဖြင့် ထိုကဲ့သို့သာဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ဒေသခံတိုင်းရင်းသားပြည်သူများ၏ နှလုံးသားထဲကတဆတ်ဆတ်နှင့်နာနေ၍ မေတ္တာစူးပြီး အကျနာ မည်ဖြစ်ကြောင်းပြောကြား လိုက်ပါရစေ……………….။

ဘရန်အောင်
Credit >>> Kachin Daily News 

No comments:

Post a Comment