Sunday 22 March 2015

ချယ်လ်ဆီးအသင်းကို လိုက်မမီနိုင်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြော

အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် လေးမှတ်အကွာသို့ ရောက်ရှိ လာခဲ့သော်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းတို့အသင်းအနေဖြင့် ချယ်လ်ဆီးကို လိုက်မီရန် မဖြစ်နိုင်ကြောင်း ပြောသည်။
နယူးကာဆယ်နှင့် ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အနိုင်ဂိုး နှစ်ဂိုးစလုံးကို တိုက်စစ်မှူး ဂီရော့ဒ်က သွင်းယူပေးခဲ့သည်။ ကာဆယ်အတွက် ချေပဂိုးကို မူဆစ်ဆိုကိုက သွင်းယူခဲ့သည်။

ယခုအချိန်တွင် ချယ်လ်ဆီးနှင့် အမှတ်ကွာဟမှုမှာ ကျဉ်းမြောင်းသွားသော်လည်း မော်ရင်ဟို၏ အသင်းသည်လက်ကျန် နှစ်ပွဲကစားရန် ကျန်ရှိနေသေးသည့်အတွက် အာဆင်နယ်နှင့် မန်စီးတီးအသင်းတို့ အနေဖြင့် လိုက်မီရန် မလွယ်ကူကြောင်း အာစင်ဝင်းဂါးက ပြောသည်။

'ချယ်လ်ဆီးရဲ့အနေအထားက အများကြီး လုံခြုံမှုရှိပါတယ်။ သူတို့အနေနဲ့ အေးအေးဆေးဆေး ဖြစ်နေလိမ့် မယ်လို့ ကျွန်တော် ခံစားရပါတယ်။ ချယ်လ်ဆီးကို လိုက်မီဖို့ ကျွန်တော်တို့ရှေ့မှာ မန်စီးတီး ရှိနေပါ သေးတယ်။ ကျွန်တော်တို့နောက်ကို ပြန်ကြည့် လိုက်ပါဦး။ အသင်းတွေက အမှတ်တွေ အရမ်းကပ် နေကြတာပါ။ ဒါကြောင့် အရေးအကြီးဆုံးက ကိုယ့်ရဲ့ပွဲစဉ်တွေကိုပဲ အနိုင်ရဖို့ လိုအပ်ပါတယ်။ ချယ်လ်ဆီး ရဲ့အနေအထားက လုံခြုံပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ပွဲကို အနိုင်ရအောင်ကစားမှာပါ။ ပြီးရင် နောက်တစ်ပွဲအနိုင်ရဖို့ ဆက်ကြိုးစားမှာပါ။ ဒါက ကျွန်တော်တို့ လုပ်ရမယ့် အရာပါပဲ' ဟု အာစင်ဝင်းဂါးက ပြောသည်။

ပွဲစဉ်အများအပြားကို ကစားထားရသည့်အတွက် နယူးကာဆယ်နှင့် ပွဲစဉ်တွင် ကစားသမားများသည် မောပန်းနွမ်းနယ်မှုကို ခံစားနေခဲ့ရကြောင်းနှင့် ထိုအခြေအနေတွင် အနိုင်ရအောင် ကစားနိုင်ခဲ့ကြသည့် အတွက် ကျေနပ်ကြောင်း အာစင်ဝင်းဂါးက ဆက်လက်ပြောဆိုသွားခဲ့သည်။

ထို့အပြင် ၀င်းဂါးသည် အနိုင်ဂိုးနှစ်ဂိုး စလုံးသွင်းယူခဲ့သည့် ဂီရော့ဒ်ကို ချီးကျူးခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment