Sunday 22 March 2015

တရုတ်အစိုးရက ကျောက်စိမ်းဝယ်ယူမှုအားမပေးတော့၍ မန္တလေးကျောက်ဈေး ကွက် အေးနေ


လက်ရှိ တရုတ်အစိုးရက ကျောက် စိမ်းဝယ်ယူမှုကို အားမပေးတော့ဘဲ ချေးငွေထုတ်ချေး သည့်ကိစ္စများကို ဖြတ်တောက်လိုက်သဖြင့် တရုတ်ကုန် သည်ကြီးများ အားထားဝယ်ယူနေသည့် မန္တလေးကျောက် စိမ်းဈေးကွက်၌ အရောင်းအဝယ်အေးနေကြောင်း မန္တလေး ကျောက်ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

''တရုတ်စီးပွားရေးသမားတွေက အရာရှိတွေ ကို လက်ဆောင်အနေနဲ့ ကျောက်စိမ်းတွေ ပေးလေ့ရှိ ကြ တယ်။ လက်ရှိ တရုတ်အစိုးရက လာဘ်စားမှုတိုက် ဖျက်ရေးလုပ်နေတော့ သူတို့ ပေးလို့မရတော့ဘူး။ နောက် တရုတ်ကုန်သည်တွေကို ချေးငွေထုတ်ပေးတာကိုလဲ ဆိုင်းငံ့ထားတယ်ဆိုတော့ ဒီဘက်မှာ တရုတ် တွေ လာ ဝယ်နေကျ ကျောက်စိမ်းဈေးကွက် ပျက်လာတယ်လို့ ယူ ဆတယ်''ဟု မန္တလေးကျောက်ဝိုင်းမှ ကျောက်ကုန်သည် ဦးစိုးညွန့်က ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်မှော် ဒေသအတွင်း ရေမဆေးကျောက်ဈေး မြင့်တက်နေသော် လည်း မန္တလေးကျောက်ဝိုင်းတွင် ကျောက်ဈေးတင်းခံ နေမှုကြောင့် ယခုရက်ပိုင်းအတွင်း အရောင်းအဝယ် အနည်းငယ်အေးလျက်ရှိကြောင်း မန္တလေးရတနာကျောက် ဝိုင်းမှ ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူများ ထံမှ သိရသည်။

''မှော်ထဲမှာ မြေကြီးထဲကထွက်လာတဲ့ ရေ မဆေး ကျောက်အလုံး အဖန်လဲကြီးတဲ့ ကျောက်ကို ကျပ် သိန်း ၂ဝဝ နဲ့ ခေါင်းဖြတ်လိုက်တယ်။ ပြီးမှ ရေဆေး တယ်။ ဖြတ်လိုက်တော့ အရည်အသွေးလဲ မီတယ်။ လက် ကောက်လဲ လွတ်တယ်။ အထပ်သားလဲမီတော့ ရှယ် ယာတွေထည့်ရင်းနဲ့ သိန်း ၇ဝဝ လောက် ဖြစ်သွားတယ်။ မန္တလေးကျောက်ဝိုင်းမှာ တင်လိုက်တော့ ဝယ်တဲ့တရုတ် တွေက သိန်းလေးရာငါးရာပဲပေးတော့ ကျောက်ကုန် သည်တွေကလဲ မရောင်းတော့ဘူး''ဟု ဖားကန့်မှော်အ တွင်း ကျောက်အရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

''အခုဝိုင်းထဲမှာက လူတော့စည်တယ်။ မနက် ခင်းဝိုင်းတွေမှာ ရောင်းတဲ့ အောက်ကျောက်တွေတော့ အလုပ်သိပ်မဖြစ်ကြဘူး။ ပုတီးသမားတွေ သိပ်မဝယ် တော့ဘူး။ လက်ကောက်လုပ်သူတွေလောက်သာ နည်းနည်းဈေးမေးကြတာပဲရှိတယ်။ ကျောက်ကောင်းတွေ ကျတော့လဲ ဈေးမရတော့မရောင်းကြ၊ အလုပ် သိပ်မဖြစ်ဘူး။ အရည်အပွင့်လေးတွေတော့ အလုပ်ဖြစ်နေတယ်'' ဟု ကျောက်လုပ်ငန်းရှင် ကိုစိုးညွန့်က ပြောသည်။

Yangon Media Group

No comments:

Post a Comment