Sunday 1 February 2015

Father Land ကုမ္ပဏီပိုင်ရှင်အား ငွေလိမ်ခံရသူများက ဆယ့်နှစ်ရက်အတွင်း အဖြေတစ်ခုပေးရန် သတိပေး

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ လိမ်လည်ခံရသည်ဟု  ဆိုသည်။ သင်္ဃန်းကျွန်းမြို့နယ်နေသူ ၃၀ ဦးခန့်က ၁၂ ရက်အတွင်း တိကျသည့်အဖြေတစ်ခုပေးရန် သတိပေးအကြောင်းကြားခဲ့ကြောင်း သတင်း ရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည် တော်သာတန်ဖိုးနည်းအိမ်ရာကို Father Land ကုမ္ပဏီက ၂၀၁၂ ခန့်တွင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခဲ့ပြီး အဆောက်အအုံတည် ဆောက်မှုမရှိဘဲ လိမ်လည်ခဲ့ခြင်း အပေါ် မကျေနပ်၍ နောက်ဆုံး အနေဖြင့် သတိပေးအကြောင်း ကြားရခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါအကြောင်းကြားစာ တွင် ငွေကြေးနစ်နာသူ ၆၀ ကျော် အနက်မှ ၂၄ ဦးက လက်မှတ်ရေး ထိုးပြီး ငွေကျပ်သိန်း ၄,၀၀၀ ကျော် ပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်။ ‘‘အစ် ကိုတို့ပေးထားတဲ့ငွေကို အရင်း အတိုင်းပဲပြန်လိုချင်တာပါ။ နစ်နာ ကြေးတွေ ဘာမှမတောင်းဆိုပါ ဘူး’’ဟု ငွေကျပ်သိန်း ၄၀၀ ခန့် ပေးသွင်းခဲ့သူ အငြိမ်းစားတက္ကသိုလ် ဆရာ ဦးကျော်မြင့်က ပြောသည်။‘‘သိပ်မမျှော်လင့်ဘူး။ ရှေ့ နေ ပြောတဲ့စကားတွေက မရေရာ မသေချာဘူး။ တချို့အစိုးရဝန် ထမ်းတွေကိုတော့ ဆောင်ရွက် ပေးမယ့် သဘောရှိတယ်။ သာမန် လူတွေအတွက်တော့ မသေချာ ဘူး’’ဟု ၎င်းက ထပ်မံပြောသည်။

Father Land ကုမ္ပဏီဘက် မှ ၁၂ ရက်အတွင်း သေချာသော ဆုံးဖြတ်ချက်မပေးနိုင်ပါက ဥပဒေ ဘောင်အတွင်းကပင် ဆောင်ရွက် သွားမည်ဟု လိမ်လည်ခံရသူများတွင် ပါဝင်သူ ဒေါ်နွယ်နီက ပြောသည်။

‘‘ချက်ချင်းတရားစွဲဖို့ အစီ အစဉ်တော့မရှိသေးပါဘူး။ အစ်မ တို့ဘက်ကလည်း အစ်မတို့ချွေးနှဲစာ ပိုက်ဆံလေး တွေပဲ ပြန်ပေးဖို့ မျှော်လင့်တာ’’ဟု ၎င်းက ဆက် လက်ပြောသည်။

ဦးကျော်မြင့်၏ ရှေ့နေဦး ကြည်လင်းက ‘‘တရားစွဲမယ်ဆို ရင်တော့ ကျွန်တော်ဖြေရှင်းပေး နိုင်မှာ မဟုတ်ပါဘူး။ တရားမစွဲ ဘူးဆိုရင်တော့ လူမှုရေးအရ ပြေ လည်အောင်ဆောင်ရွက်ပေးသွား မယ်’’ဟု ပြောသည်။

‘‘အစိုးရကနေ သူပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးကို ပြည်သူပိုင် သိမ်းပြီး နစ်နာခဲ့တဲ့ ပြည်သူတွေ ကို ပြန်ပေးတာ မျိုးကို ကြားဝင် ဖြေရှင်းပေးသင့်တယ်လို့ ထင် တယ်’’ဟု ငွေကြေး ကျပ် သိန်း ၂၀၀ခန့်နစ်နာခဲ့သူ ဒေါ်မြမြက ပြော သည်။

လက်ရှိ Father Land ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်မှာ အမှုပေါင်း ၅၀၀ ခန့်ဖြင့် တရားစွဲ ဆိုခံနေရပြီး တရား လိုများအား ကျေနပ်အောင် ဖြေရှင်းပေးနိုင် ခြင်းမရှိသေးချေ။ Father Land ကုမ္ပဏီ၏ လုပ်ရပ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အပေါ် ပြည်သူများ ယုံကြည်မှု ကင်းမဲ့လာကြကြောင်း "Hight Power" ဆောက်လုပ်ရေးလုပ်ငန်း မှ ဦးသိန်းဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment