Sunday 1 February 2015

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ


ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။

ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။

‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။

ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။
ယခင်က ဂျပန်နိုင်ငံ၏ နိုင်ငံ ခြားသားလုပ်သားဈေးကွက်တွင် တရုတ်နိုင်ငံမှ ၈၀ ရာခိုင်နှုန်းခန့် နေရာရယူထားပြီး ယခုအခါ ယင်းနိုင်ငံသားများ လျှော့ချ လိုက် ၍ အရှေ့တောင်အာရှရှိ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အတွက် အခွင့်အရေး ပိုရရှိစေ ခဲ့သည်ဟု ဆိုသည်။

‘‘ဗီယက်နမ်တောင် မြန်မာ ထက်ပိုခေါ်ယူခံရတယ်။ ဟိုဘက် က တစ်နှစ်ကို ဘယ်နိုင်ငံက လုပ် သား ဘယ်လောက်ခေါ်မယ်ဆိုတဲ့ သတ်မှတ်ချက် မရှိ တာကြောင့် အေးဂျင့်တွေ ဈေးကွက် ဖောက် နိုင်ရင် ဖောက်နိုင်သလောက် ခေါ် ယူမှု ပိုများလာနိုင်တဲ့ အခြေအနေ ရှိနေတယ်’’ဟု ဦးပီတာညွန့်မောင် က ပြော သည်။

‘‘ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရလည်း တရုတ်လုပ်သားတွေကို သူတို့ (ဂျပန်) ဆက်မခေါ် လိုကြတာကြောင့်ကျွန်တော် တို့အရှေ့တောင် အာရှဘက်က လုပ်သားတွေ ပိုအလေးထား ခေါ် လာတယ်လို့ သိရတယ်။ ခေါ်ယူ မှုအရေ အတွက် ထပ်ရအောင် အေးဂျင့်တွေကလည်း သူ့နည်း သူ့ဟန်နဲ့ ချိတ် ဆက်ေ နကြပါ တယ်’’ဟု သုခမြန်မာပြည်ပအ လုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တာဝန်ခံ ဦးကျော်မင်းဆွေက ဆိုသည်။

မြန်မာရွှေ့ပြောင်းလုပ်သား များအနေဖြင့် ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ သွားေ ရာက်အလုပ် လုပ်ကိုင်ရန် စိတ်ဝင်စားပြီး ကိုရီး ယားနိုင်ငံမှာ အစိုးရအေဂျင်စီဖြင့် သာ တရားဝင်ချိတ်ဆက်ထားကာ ဂျပန်နိုင်ငံက လုပ်သားခေါ်ယူမှု အရေအတွက် နည်းသောကြောင့် သွားရောက် လုပ်ကိုင်လိုသူများအခက်အခဲများ ရှိနေခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် လုပ်သား ခေါ်ယူရာတွင် ဘာသာစကားနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုကို ဦးစားပေးသည့်အတွက် လုပ်သား ရွေးချယ်စေလွှတ်ရ သည့် အခက်အခဲအချို့ ရှိ ကြောင်း အေဂျင်စီအချို့မှ သိရ သည်။
7Day Daily

No comments:

Post a Comment