Sunday 1 February 2015

“ဗိုလ်ချုပ်နှင့် ရှေ့နောက်ဝဲယာ” ဓာတ်ပုံပြပွဲ





ဗိုလ်ချုပ်နှင့် ရှေ့နောက်ဝဲယာလို့ နာမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့က THINK ပန်းချီ ပြခန်းမှာ ဒီနေ့ စတင် ပြသလိုက်ပါတယ်။

ဗိုလ်ချုပ်ကို ဓာတ်ပုံရိုက်ခဲ့သူ တယောက်ဖြစ်တဲ့ ဓာတ်ပုံ ဆရာ အာရှဦးကျော့ရဲ့ ဓာတ်ပုံတွေကို ပြသနေတာဖြစ်ပြီး လက်ရှိမှာတော့ ၈၅ ပုံ ပြသနေတာပါ။
“နဂ္ဂတစ် ၃၀၀ ကျော်ရထားပါတယ်။ တယောက်တည်း လုပ်ရတာဆိုတော့ ဒီလောက်ပဲ ပြနိုင်သေးတာပါ။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ တခြား ပုံတွေကိုလည်း ဆက်ပြမှာပါ” လို့ ပြခန်းပိုင်ရှင် ဦးအေးဆောင်က ပြောပါတယ်။

ပြပွဲကို နာမည်ပေးထားတဲ့အတိုင်း ဗိုလ်ချုပ်ရဲ့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့နေရာတွေက ဓာတ်ပုံတွေကို ပြနေပါတယ်လို့လည်း သူက ပြောပါတယ်။

အရွယ်အစားအလိုက် ဓာတ်ပုံတွေကိုလည်း ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ပြပွဲကို ဒီနေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ န၀ဒေးလမ်းကပြခန်းမှာ ပြသမှာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ – ပိုင်စိုး

No comments:

Post a Comment