Sunday 1 February 2015

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် အင်အား ၇၅၀၀ ပါ တပ်ဖွဲ့ကြီး ဖွဲ့စည်းမည်




ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆိုထောက် ခံလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြားလိုက်တာပါ။

အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီးယား သူပုန်တွေကို နှိမ်နင်းတိုက် ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာ တပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ကြိုဆိုထောက်ခံတယ်လို့ မစ္စတာ ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ သတင်း ထောက်တွေကို ပြောပါတယ်။
“အယ်လ်ကိုင်းဒါတွေလိုပဲ အိုင်အက်စ်တွေနဲ့ ဘိုကိုဟာရမ်တွေဟာ အကြမ်းဖက် သမားတွေလို့ပောပါတယ်။ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်ရေးဟာ ကုလသမဂနဲ့ အာဖရိကသမဂ္ဂတို့ရဲ့ အရေးအကြီးဆုံးမိတ်ဖက် အရေးတွေထဲက တခုဖြစ် တယ်” လို့ ဘန်ကီမွန်းက ဆက်ပြောပါတယ်။

ကုလသမဂ္ဂနဲ့ ဒေသတွင်းမဟာမိတ်တွေရဲ့ ပူးပေါင်းအားထုတ်မှုတွေက ဘာကီ နာဖာစို အလယ်အာဖရိက မာလီ ဆိုမာလီယာနဲ့ တောင်ဆူဒန်အရေးတွေမှာ တိုးတက်မှုတွေရအောင် လုပ်နိုင်ခဲ့ပြီးပြီလို့ ဘန်ကီမွန်းက ဆက်ပြောပါတယ်။

အီဘိုလာကူးစက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။
DVB

No comments:

Post a Comment