Sunday 1 February 2015

ကုန်လှေတစ်စင်း နစ်မြုပ်၊ တပ်မတော်(ရေ)မှ လှေလုပ်သားများအား ကယ်ဆယ်



တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ကလွင်မီးပြ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ရက် မွန်းလွဲ ၁နာရီ မိနစ် ၂ဝခန့်တွင် မြိတ်ဆိပ်ကမ်း၌ လုံခြုံရေးတာဝန် ထမ်းေ ဆာင်နေသော တပ်မတော်(ရေ)မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားေ ရာက်၍ နစ်မြုပ် လှေပေါ်ပါ လှေသား ၁ဝဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အဆိုပါကုန်လှေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ တလိုင်းစု ရပ်နေ ဦးလှရွှေပိုင်ဆိုင်သည့် အောင်ပြည့်မိုးအမည်ရှိ ကုန်လှေ တစ်စင်းဖြစ်ပြီး ရန်ကုန်သို့ ပစ္စည်းများ ပို့ဆောင်ရန် ကျွဲကူးရှိ ဦးစောဂျက် တံတားမှ ဇန်နဝါရီ ၂၄ရက် နံနက် ၁၁နာရီခွဲခန့်တွင် ထွက်ခွာလာစဉ် ကလွင်မီးပြ အနောက်မြော က်ဘက်၂ မိုင်ခန့် အရောက်၌ လှေမှာ ထေးဆံကွာ၍ ဘယ်ဘက်ကိုင် ပျဉ်ပွင့်ကာ ရေဝင်နစ်မြုပ်ခဲ့ခြင်း ဖြစ်၍ လှေပေါ်ပါ ကျပ်သိန်း ၂၇ဝကျပ်တန်ဖိုးရှိ ကုန်မျိုးစုံမှာ ရေနစ် မြုပ်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မြ၀တီ

No comments:

Post a Comment