Sunday 1 February 2015

မန်ချက်စတာ ၂ သင်း နှင့် ရီးရဲမက်ဒရစ်စတားများ



မန်ချက်စတာစီးတီး အသင်းသည် ရီးရဲမက်ဒရစ်စတား ခရစ္စတီယာနိုရိုနယ်လ်ဒို ကသာ အင်္ဂလန် ပရီးမီးယားလိဂ် သို့ ပြန်လာရန်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရိုနယ်လ်ဒို ကို ကမ္ဘာ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်း ဖို့ အဆင်သင့်ဖြစ်နေ တယ် လို့သိရပါတယ်။ မန်စီးတီး အားကစား ဒါရိုက်တာ ဘီဂရီစတိန်း သည် ရီးရဲ စူပါ စတား ရိုနယ်လ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် နှင့် ပုံမှန် အဆက်အသွယ် ရှိနေတယ်လို့ The Sun သတင်းအရသိရပါတယ်။

တခြား သတင်း တစ်ပုဒ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ရီးရဲ တောင်ပံစတား ဂါရတ်ဘေးလ် ကို နွေရာသီမှာ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ ဖြင့် ခေါ်ယူသွားလိုတယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် ရဲ့ နည်းပြ လူးဝစ် ဗန်ဂါးလ် သည် ဝေးတောင် ပံကစားသမား ကို များပြားသော ငွေကြေး ပမာဏ အသုံးပြုပြီး ကမ်းလှမ်းသွားဖို့ အသင့် ရှိနေတယ်လို့ ဒေးလီးစတား သတင်းအရသိရပါတယ်။

No comments:

Post a Comment