Sunday 1 February 2015

အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူ



အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်တွေ့ဆုံမူကတော့ နေ့လည်ထမင်းစားနား ချိန်ထိ အစိုးနှင့်ကျောင်းသား တွေကြားမှာကျောင်းသား သမဂ္ဂ စာလုံးအသုံးအနှုန်းအသိအမှတ်ပြုမူနဲ့ပတ်သက်ပြီးပြေလည်မူမရရှိသေး ပါဘူး။
လက်ရှိအခြေအနေကတော့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီးဆွေးနွေး မူမပြုရသေးခင်မှာယနေ့ဆွေးနွေး ပွဲမစခင်ကျောင်းသားေ တွေ တာင်းဆို ထားတဲ့အချက် ကိုးချက်ကိုသာအရင်ဆွေးနွေးနေရခြင်းဖြစ်ပါတယ်။
၎င်းအချက်တွေကတော့ ဆွေးနွေးပွဲသတင်းထုတ်ပြန်မူ ၊ဆွေးနွေးမူအပြီး သတင်းထုတ်ပြန်ရာမှာသမဂ္ဂ အသုံးအနှုန်းဖြင့် သတင်းထုတ်ပြန်ရန် အစိုးရကအသိအမှတ်ပြုပေးဖို့နဲ့ပတ်သက်တဲ့အချက်တွေပဲဖြစ်ပါတယ်။
သို့သော်လက်ရှိမှာတော့အစိုးရဘက်မှ သတင်းထုတ်ပြန်မူ များနှင့်ပတ သက်ပြီးအချက်သုံးချက်ကို သဘောတူ ညီသော်လည်း ကျောင်းသားသမဂ္ဂ အသုံးအနူန်းနဲ့ပတ်သက်ပြီးသဘောတူမူမပြုသေးပါဘူး။
ဆွေးနွေးမူနေ့တစ်ဝက်အချိန်မှာတော့ သုံးချိန်အနားယူဆွေးနွေးမူပြုလုပ်ခဲ့ပြီး ထူးခြားတဲ့ ဆုံးဖြတ်မူမျိုးယခု ထိမရရှိသေးပါဘူး။

No comments:

Post a Comment