Sunday 1 February 2015

ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံများ နှစ်ဖွဲ့ကွဲ

Photo: ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဒေသခံများ နှစ်ဖွဲ့ကွဲ
Sunday,February 1, 2015

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းပုံစံငယ်
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ စီမံကိန်းမ စတင်မီ လိုအပ်ချက်များ ဦးစွာ ဖြည့်ဆည်းရေးတောင်းဆိုသူများ နှင့် စီမံကိန်းဆက်လုပ်ရန်ထောက် ခံပွဲပြုလုပ်မည့်သူများဟူ၍ နှစ် ဖက်ပေါ်ပေါက်လာကြောင်းတွေ့ ရသည်။

စီမံကိန်းထောက်ခံပွဲကို ဖေ ဖော်ဝါရီ ၁ရက်တွင် ဒေသခံအချို့ က ပြုလုပ်မည်ဟုသတင်းများ ထွက်ပေါ်လာပြီးနောက်လိုအပ် ချက်များဆောင်ရွက်ရေးတောင်း ဆိုသူဒေသခံများက ဇန်န၀ါရီ ၃၁ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုများမှာ ဇန်န၀ါရီ ၃၁ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နှစ် နိုင်ငံအစိုးရတို့ ထားဝယ်အထူးစီး ပွားရေးဇုန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက်ပေါ် ပေါက်လာခြင်းဖြစ်သည်။

‘‘စီမံကိန်းကြောင့်ဖြစ်လာ မယ့် ဒေသဆိုးကျိုးတွေကို ဘယ် လိုအာမခံချက်ပေးမလဲ။ မြေယာ လျော်ကြေးကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စ၊ ပြန်လည်နေ ရာချထားရေးကိစ္စ၊ ကိစ္စတွေ အများကြီး ဖြေရှင်းဖို့ရှိနေသေး တယ်’’ဟု ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် စီမံကိန်းနှင့်ပတ်သက် ၍ ဆုံးရှုံးနစ်နာမှုများအား တာဝန် ယူဖြေရှင်းပေးရန် တောင်းဆို သည့် နဘုလယ်ဒေသခံလူငယ် များအဖွဲ့မှ ကိုအောင်ဇော်တူးက ပြောသည်။

၂၀၀၈မှစ၍ စီမံကိန်းခေတ္တ ရပ်ဆိုင်းနေခဲ့ချိန်အထိ လေးနှစ် တာကာလအတွင်း စီမံကိန်းလုပ် ငန်းခွင်တွင် ဒေသခံအနည်းငယ် သာဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့ ကြောင်း၊ ဒေသခံ ၁၅ရာခိုင်နှုန်း သာလျော်ကြေးရရှိခဲ့ပြီး ယင်းအ နက်အပြည့်အ၀ရသူမှာ ၃ရာခိုင် နှုန်းသာရှိကြောင်း၊ လျော်ကြေးရ သူများအနက်တရားဝင်စာရွက် စာတမ်းဖြင့် ပေးအပ်ခံရသူအ နည်းငယ်သာရှိပြီး အများစုမှာအ ထောက်အထားတစ်စုံတစ်ရာမရှိ ဘဲ လျော်ကြေးရခဲ့ကြောင်း၊ ပြန်လည်နေရာချထားရေးကဏ္ဍ တွင်လည်း ဘ၀ါရွာ၌ အိမ်အလုံးပေါင်း ၄၈၀ ခန့် ဆောက်လုပ်ပေးထားသော်လည်း ရာသီဥတုကြောင့် ယင်းအိမ်များ ပြိုကျပျက်စီး၍ ဒေသခံများပြောင်းရွှေ့ရန် တွန့်ဆုတ်နေကြောင်း နဘုလယ်ဒေသခံလူငယ်များက ထောက်ပြလာသည်။

ဇန်န၀ါရီ ၃၁ရက်တွင် ၎င်း တို့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး စီမံကိန်းမစ တင်မီ ပွင့်လင်းမြင်သာစွာတရား ၀င်ထုတ်ဖော်ဖြေကြားရန်အချက် ၄ ချက်ကို စီမံကိန်းတွင်ပါဝင်သူ များထံ တောင်းဆိုခဲ့သည်။ ယင်း တို့မှာ စီမံကိန်းနှင့်ပတ်သက်၍ သ ဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှုစစ်တမ်း အား ထုတ်ပြန်ကြေညာရန်၊ လျော်ကြေးနစ်နာကြေးမရသေးသော ဒေသခံများအား ပြေလည်မှုရ သည်အထိ လျော်ကြေးကိစ္စဖြေ ရှင်းရန်၊ ပြန်လည်နေရာချထား ရေးနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည်တည်ဆောက်ရေးအ တွက် ဘ၀လုံခြုံမှု အာမခံချက်ရသည်အထိ ဆောင်ရွက်ရန်၊ နဘုလယ်အပါအ၀င် ထားဝယ်ဒေသတွင် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာလျှင် စီမံကိန်းအကောင်အထည်ဖော်သူက ထိ ရောက်စွာဖြေရှင်းရန်စသည်တို့ ဖြစ်ကြသည်။

တစ်ဖက်တွင်လည်း စီမံကိန်းထောက်ခံသူဒေသခံများ၏ ဆန္ဒထုတ်ဖော်ခွင့်ကော်မတီအဖွဲ့ ဟုဆိုသူတို့က ဖေဖော်ဝါရီ ၁ရက် ၌ ထောက်ခံကြောင်းဆန္ဒထုတ် ဖော်ပွဲ ပြုလုပ်ရန်စီစဉ်ထားသည်။ သို့သော် ဖေဖော်ဝါရီ ၁ရက်အတွက်ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်မရ ၍ဖေဖော်ဝါရီ ၃ရက်တွင်မှ ပြုလုပ်သွားတော့မည်ဟု ဆိုသည်။

‘‘သဘာဝပတ်ဝန်းကျင်ပျက် စီးမှာတို့ ဘာတို့ နည်းနည်းတော့ စိုးရိမ်ဖွယ်ရာတော့ရှိမှာပေါ့။ အ ကောင်းချည်းတော့ဘယ်ရမလဲ။ ဒါ ပေမဲ့ ဒေသက ဒီအတိုင်းသွားနေ ရင် ဘာမှမထူးဘူး။ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းအစစ အရာရာပေါ့။ အဲဒါကြောင့် စီမံကိန်းဆက်လုပ်ဖို့ ထောက်ခံတဲ့ပွဲပေါ့ဗျာ’’ဟု ယင်းဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် နဘုလယ်ကျေးရွာအုပ်စု ထိန်ကြီးကျေးရွာနေ ဦးရွှေဌေးကပြောသည်။

၎င်းမှာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ကြွသည့်ပါတီဝင် တစ်ဦးအဖြစ် လူသိများသည်။ သို့သော် ယခုဆန္ဒထုတ်ဖော်ပွဲနောက်ကွယ်တွင် အစိုးရကျောထောက်နောက်ခံမရှိကြောင်း၎င်းက ငြင်းဆိုသည်။

၂၅၀စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၀၀)ခန့်အကျယ်အ ၀န်းနေရာယူမည့် တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ် ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်စီမံကိန်း ပြီးစီးပါက အရှေ့ တောင်အာရှတွင် အကြီးဆုံးစက် မှုဇုန်တစ်ခုအဖြစ်ပေါ်ပေါက်လာ မည်ဖြစ်သည်။

7Day DAILY
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းပုံစံငယ်
ထားဝယ်အထူးစီးပွား ရေးဇုန်နှင့်ပတ်သက်၍ စီမံကိန်းမ စတင်မီ လိုအပ်ချက်များ ဦးစွာ ဖြည့်ဆည်းရေး တောင်းဆိုသူများ နှင့် စီမံကိန်းဆက်လုပ်ရန်ထောက် ခံပွဲပြုလုပ်မည့်သူများဟူ၍ နှစ် ဖက်ပေါ်ပေါက်လာ ကြောင်းတွေ့ ရသည်။

စီမံကိန်းထောက်ခံပွဲကို ဖေဖော်ဝါရီ ၁ရက်တွင် ဒေသခံအချို့ က ပြုလုပ်မည်ဟုသတင်းများ ထွက်ပေါ် လာပြီး နောက်လိုအပ် ချက်များဆောင်ရွက်ရေးတောင်း ဆိုသူဒေသခံများက ဇန်န၀ါရီ ၃၁ ရက်၌ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းလှုပ်ရှားမှုများမှာ ဇန်န၀ါရီ ၃၁ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နှစ် နိုင်ငံအစိုးရတို့ ထားဝယ်အထူးစီး ပွားရေးဇုန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက်ပေါ် ပေါက်လာခြင်းဖြစ်သည်။

‘‘စီမံကိန်းကြောင့်ဖြစ်လာ မယ့် ဒေသဆိုးကျိုးတွေကို ဘယ် လိုအာမခံချက်ပေးမလဲ။ မြေယာ လျော်ကြေး ကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စ၊ ပြန်လည်နေ ရာချထားရေးကိစ္စ၊ ကိစ္စတွေ အများကြီး ဖြေရှင်းဖို့ရှိနေသေး တယ်’’ဟု ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် စီမံကိန်းနှင့်ပတ်သက် ၍ ဆုံးရှုံးနစ်နာမှု များအား တာဝန် ယူဖြေရှင်းပေးရန် တောင်းဆို သည့် နဘုလယ်ဒေသခံလူငယ် များအဖွဲ့မှ ကိုအောင်ဇော်တူး က ပြောသည်။

၂၀၀၈မှစ၍ စီမံကိန်းခေတ္တ ရပ်ဆိုင်းနေခဲ့ချိန်အထိ လေးနှစ် တာကာလအတွင်း စီမံကိန်းလုပ် ငန်းခွင်တွင် ဒေသခံအနည်းငယ် သာဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့ ကြောင်း၊ ဒေသခံ ၁၅ရာခိုင်နှုန်း သာလျော်ကြေးရရှိခဲ့ပြီး ယင်းအ နက်အပြည့်အ၀ရသူမှာ ၃ရာခိုင် နှုန်းသာရှိကြောင်း၊ လျော်ကြေးရ သူများအနက်တရားဝင်စာရွက် စာတမ်းဖြင့် ပေးအပ်ခံရသူအ နည်းငယ်သာရှိပြီး အများစုမှာအ ထောက်အထားတစ်စုံတစ်ရာမရှိ ဘဲ လျော်ကြေးရခဲ့ကြောင်း၊ ပြန်လည်နေရာချထားရေးကဏ္ဍ တွင်လည်း ဘ၀ါရွာ၌ အိမ်အလုံးပေါင်း ၄၈၀ ခန့် ဆောက်လုပ်ပေးထားသော်လည်း ရာသီဥတုကြောင့် ယင်းအိမ်များ ပြိုကျပျက်စီး၍ ဒေသခံများပြောင်းရွှေ့ရန် တွန့်ဆုတ်နေကြောင်း နဘုလယ်ဒေသခံလူငယ်များက ထောက်ပြလာသည်။

ဇန်န၀ါရီ ၃၁ရက်တွင် ၎င်း တို့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး စီမံကိန်းမစ တင်မီ ပွင့်လင်းမြင် သာစွာ တရား ၀င်ထုတ်ဖော်ဖြေကြားရန်အချက် ၄ ချက်ကို စီမံကိန်းတွင်ပါဝင်သူ များထံ တောင်းဆိုခဲ့ သည်။ ယင်း တို့မှာ စီမံကိန်းနှင့်ပတ်သက်၍ သ ဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု စစ်တမ်း အား ထုတ်ပြန်ကြေညာရန်၊ လျော်ကြေးနစ်နာကြေးမရသေးသော ဒေသခံများအား ပြေလည်မှုရ သည်အထိ လျော်ကြေးကိစ္စဖြေ ရှင်းရန်၊ ပြန်လည်နေရာချထား ရေးနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည် တည်ဆောက်ရေးအ တွက် ဘ၀လုံခြုံမှု အာမခံချက်ရသည်အထိ ဆောင်ရွက်ရန်၊ နဘုလယ်အပါအ၀င် ထားဝယ်ဒေသတွင် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာလျှင် စီမံကိန်းအကောင်အထည်ဖော်သူက ထိ ရောက်စွာဖြေရှင်းရန်စသည်တို့ ဖြစ်ကြသည်။

တစ်ဖက်တွင်လည်း စီမံကိန်းထောက်ခံသူဒေသခံများ၏ ဆန္ဒထုတ်ဖော်ခွင့်ကော်မတီအဖွဲ့ ဟုဆိုသူတို့က ဖေဖော်ဝါရီ ၁ရက် ၌ ထောက်ခံကြောင်းဆန္ဒထုတ် ဖော်ပွဲ ပြုလုပ်ရန်စီစဉ်ထားသည်။ သို့သော် ဖေဖော်ဝါရီ ၁ရက်အတွက်ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်မရ ၍ဖေဖော်ဝါရီ ၃ရက်တွင်မှ ပြုလုပ်သွားတော့မည်ဟု ဆိုသည်။

‘‘သဘာဝပတ်ဝန်းကျင်ပျက် စီးမှာတို့ ဘာတို့ နည်းနည်းတော့ စိုးရိမ်ဖွယ်ရာတော့ရှိမှာပေါ့။ အ ကောင်းချည်းတော့ဘယ်ရမလဲ။ ဒါ ပေမဲ့ ဒေသက ဒီအတိုင်းသွားနေ ရင် ဘာမှမထူးဘူး။ လမ်းပန်း ဆက် သွယ်ရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းအစစ အရာရာပေါ့။ အဲဒါကြောင့် စီမံကိန်းဆက်လုပ်ဖို့ ထောက်ခံတဲ့ပွဲပေါ့ဗျာ’’ဟု ယင်းဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် နဘုလယ်ကျေးရွာအုပ်စု ထိန်ကြီးကျေးရွာနေ ဦးရွှေဌေးကပြောသည်။

၎င်းမှာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ကြွသည့်ပါတီဝင် တစ်ဦးအဖြစ် လူသိများသည်။ သို့သော် ယခုဆန္ဒထုတ်ဖော်ပွဲနောက်ကွယ်တွင် အစိုးရကျောထောက်နောက်ခံမရှိကြောင်း၎င်းက ငြင်းဆိုသည်။

၂၅၀စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၀၀)ခန့်အကျယ်အ ၀န်းနေရာယူမည့် တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ် ကမ်း၊ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်စီမံကိန်း ပြီးစီးပါက အရှေ့ တောင်အာရှတွင် အကြီးဆုံးစက် မှုဇုန်တစ်ခုအဖြစ်ပေါ်ပေါက်လာ မည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment