Friday 23 May 2014

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲထားခြင်း မဟုတ်ဘဲ ၀မ်ပေါင်တာဝန်ရှိသူ များနှင့် ညှိနှိုင်းလို၍ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်းတောင်ဒေသခံများ ရှင်းလင်း

Photo: တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲထားခြင်း မဟုတ်ဘဲ ၀မ်ပေါင်တာဝန်ရှိသူ များနှင့် ညှိနှိုင်းလို၍ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်းတောင်ဒေသခံများ ရှင်းလင်း
Friday, May 23, 2014 

တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲထားခြင်း မဟုတ်ဘဲ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြေယာကိစ္စ ညှိနှိုင်းလို၍အတွက်သာ ခေတ္တခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင်၊ ဆည်တည်းရွာရှိ ဒေသခံအချို့နှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက မေ ၂၂ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံခန်း၌ သတင်းစာရှင်းလင်းခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင်  ဆည်တည်းရွာသူများဖြစ်သည့် ဒေါ်မာမာရွှေနှင့် မနွယ်နွယ်ဝင်းတို့က ဆည်တည်း ရွာသားများအနေဖြင့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားတစ်ဦးနှင့် စကားပြန်တစ်ဦးကို ဆည်တည်းရွာထဲသို့ ခေတ္တခေါ်ဆောင်ထားခြင်းဖြစ်ကာ နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြထားသကဲ့သို့ ပြန်ပေးဆွဲခြင်း မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆည်တည်းရွာသူ မမာမာရွှေက“အဲ့ဒီနေ့က ဆည်းတည်းရွာနဲ့ တုံရွာကြားထဲမှာရှိတဲ့ ယာခင်းထဲမှာ သူတို့က မြေတိုင်းနေတာကိုတွေ့လို့ ရွာသားတွေက ခေါ်မေးတယ်။ သူတို့က အထက်ကခိုင်းလို့ လုပ်ရတာလို့ ပြောတယ်။ အဲ့ဒါနဲ့ သူတို့မှာပါလာတဲ့ ဖုန်းတွေနဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး ဖြေရှင်းဖို့ပြောခိုင်းတယ်။ သူတို့ဘက်က တာဝန်ရှိသူတွေက လိုက်မလာလို့ နေ့လယ် ၁ နာရီ လောက်မှာ နေပူတော့ အရိပ်ထဲမှာနေပြီးစောင့်ဖို့ ဖောင်းကတာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို တောင်းဆိုလို့ ဆည်တည်းရွာ မူလတန်းကျောင်းထဲမှာ ဆွေးနွေးဖို့ခေါ်ထားတာပါ။ အဓိက ကတော့ မြေယာကိစ္စ ညှိနှိုင်းချင်လို့ ခဏခေါ်ထားတာပါ။ ပြန်ပေးဆွဲတာ လုံးဝမဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထို့နောက် မေ ၁၉ ရက်တွင် ဆည်တည်း- ဇီးတောရွာ သစ်ဆက်ဆံရေးရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများအား ဒေသခံများက လျော်ကြေးရယူခြင်း မရှိထားသော မြေများပေါ်တွင် သံဆူးကြိုးခတ်မှုများ၊ မြေတိုင်းမှုများကို ဖြေရှင်းပေးရန်နှင့် အဆိုပါမြေယာများပေါ်တွင် ထွန်ယက်လုပ်ကိုင်နိုင်ရန် အချက်များကို တောင်းဆိုခဲ့ကြပြီး ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က သံဆူးကြိုး ထပ်မံတိုးချဲ့မခတ်ရန်ကို တာဝန်ယူသည်ဟု ကတိပေးခဲ့သဖြင့် ယင်းနေ့ ညနေ ၆နာရီခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့တွင် ခေါ်ဆောင်ထားသည့် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းနှစ်ဦးအား ပြန်လည်အပ်နှံခဲ့ကြောင်း ဆည်တည်းရွာသူ မနွယ်နွယ်ဝင်းက ရှင်းလင်းပြောကြားသည်။

ဆည်တည်းရွာသူ မနွယ်နွယ်ဝင်းက   “ကျွန်မတို့ဒေသခံတွေက ညှိနှိုင်းဖို့ အမြဲဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့က ဖြေရှင်းတွေ့ဆုံညှိနှိုင်းခြင်း မရှိပါဘူး။ ကျွန်မတို့ရွာသားတွေက ဒီဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးတာမျိုး မဟုတ်ပါဘူး။ ညှိနှိုင်းဖို့ခဏ ခေါ်ထားတာပါ” ဟု ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်လည်း လာရောက်ခဲ့ပြီး ဒေသခံများအနေဖြင့် ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးအား ကြိုးဖြင့် တုပ်နှောင်ခြင်း၊ ဒဏ်ရာရရှိအောင် နှိပ်စက်ခြင်းအပါဝင် သော့ခတ်တုပ်နှောင်ခြင်းမရှိလျှင် ဥပဒေကြောင်းအရ ပြစ်မှုပုဒ်မ-၃၆၈ မမြောက်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

Eleven Media Group

လက်ပံတောင်းတောင်ဒေသခံများက မေ ၂၂ ရက်တွင် ရှင်းလင်းပြော ကြားနေစဉ် (ဓာတ် ပုံ-ဥာဏ်ဝင်းရှိန်) 
လက်ပံတောင်းတောင်ဒေသခံများက မေ ၂၂ ရက်တွင် ရှင်းလင်းပြော ကြားနေစဉ် (ဓာတ် ပုံ-ဥာဏ်ဝင်းရှိန်)
တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲထားခြင်း မဟုတ်ဘဲ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူ များနှင့် မြေယာ ကိစ္စ ညှိနှိုင်းလို၍အတွက်သာ ခေတ္တခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင်၊ ဆည် တည်းရွာရှိ ဒေသခံအချို့နှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက မေ ၂၂ရက်တွင် မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံခန်း၌ သတင်းစာရှင်းလင်းခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင်  ဆည်တည်းရွာသူများဖြစ်သည့် ဒေါ်မာမာရွှေနှင့် မနွယ်နွယ်ဝင်းတို့က ဆည်တည်း ရွာသားများအနေဖြင့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားတစ်ဦးနှင့် စကားပြန်တစ်ဦးကို ဆည်တည်းရွာ ထဲသို့ ခေတ္တခေါ်ဆောင်ထားခြင်းဖြစ်ကာ နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြထားသကဲ့သို့ ပြန်ပေးဆွဲခြင်း မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆည်တည်းရွာသူ မမာမာရွှေက“အဲ့ဒီနေ့က ဆည်းတည်းရွာနဲ့ တုံရွာကြားထဲမှာရှိတဲ့ ယာခင်းထဲမှာ သူတို့ က မြေတိုင်းနေတာကိုတွေ့လို့ ရွာသားတွေက ခေါ်မေးတယ်။ သူတို့က အထက်ကခိုင်းလို့ လုပ်ရတာ လို့ ပြော တယ်။ အဲ့ဒါနဲ့ သူတို့မှာပါလာတဲ့ ဖုန်းတွေနဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး ဖြေရှင်းဖို့ပြောခိုင်းတယ်။ သူတို့ဘက်က တာဝန်ရှိသူတွေက လိုက်မလာလို့ နေ့လယ် ၁ နာရီ လောက်မှာ နေပူတော့ အရိပ်ထဲမှာနေပြီးစောင့်ဖို့ ဖောင်းကတာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို တောင်းဆိုလို့ ဆည်တည်းရွာ မူလတန်းကျောင်းထဲမှာ ဆွေးနွေးဖို့ခေါ်ထားတာပါ။ အဓိက ကတော့ မြေယာကိစ္စ ညှိနှိုင်းချင်လို့ ခဏခေါ်ထားတာပါ။ ပြန်ပေးဆွဲတာ လုံးဝမဟုတ်ပါဘူး” ဟု ပြောကြားသည်။

ထို့နောက် မေ ၁၉ ရက်တွင် ဆည်တည်း- ဇီးတောရွာ သစ်ဆက်ဆံရေးရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများ အား ဒေသခံများက လျော်ကြေးရယူခြင်း မရှိထားသော မြေများပေါ်တွင် သံဆူးကြိုးခတ်မှုများ၊ မြေတိုင်းမှု များကို ဖြေရှင်းပေးရန်နှင့် အဆိုပါမြေယာများပေါ်တွင် ထွန်ယက်လုပ်ကိုင်နိုင်ရန် အချက်များ ကို တောင်းဆိုခဲ့ကြပြီး ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က သံဆူးကြိုး ထပ်မံတိုးချဲ့မခတ်ရန်ကို တာဝန်ယူသည်ဟု ကတိပေးခဲ့သဖြင့် ယင်းနေ့ ညနေ ၆နာရီခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူ များ ရှေ့ တွင် ခေါ်ဆောင်ထားသည့် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းနှစ်ဦးအား ပြန်လည်အပ်နှံခဲ့ကြောင်း ဆည်တည်းရွာ သူ မနွယ်နွယ်ဝင်းက ရှင်းလင်းပြောကြားသည်။

ဆည်တည်းရွာသူ မနွယ်နွယ်ဝင်းက   “ကျွန်မတို့ဒေသခံတွေက ညှိနှိုင်းဖို့ အမြဲဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ က ဖြေ ရှင်းတွေ့ဆုံညှိနှိုင်းခြင်း မရှိပါဘူး။ ကျွန်မတို့ရွာသားတွေက ဒီဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီး တာမျိုး မဟုတ်ပါဘူး။ ညှိနှိုင်းဖို့ခဏ ခေါ်ထားတာပါ” ဟု ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်လည်း လာရောက်ခဲ့ပြီး ဒေသခံများအနေဖြင့် ဝမ်ပေါင် ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးအား ကြိုးဖြင့် တုပ်နှောင်ခြင်း၊ ဒဏ်ရာရရှိအောင် နှိပ်စက်ခြင်း အပါဝင် သော့ ခတ် တုပ်နှောင်ခြင်းမရှိလျှင် ဥပဒေကြောင်းအရ ပြစ်မှုပုဒ်မ-၃၆၈ မမြောက်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

Eleven Media Group

No comments:

Post a Comment