Friday 23 May 2014

အန္တရာယ်ရှိ အစားအသောက်များ အခြေခံပညာ ကျောင်းများတွင် ရောင်းချခွင့် ပိတ်မည်

Photo: အန္တရာယ်ရှိ အစားအသောက်များ အခြေခံပညာ ကျောင်းများတွင် ရောင်းချခွင့် ပိတ်မည် 
Friday, May 23, 2014 

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှ စတင်၍ အမှတ် (၃) အခြေခံဦးစီးဌာန လက်အောက် အခြေခံပညာ ကျောင်းများတွင် စားသုံးရန် မသင့်သော ဓာတုပစ္စည်းပါ ပြည်တွင်း၊ ပြည်ပ အသင့်စားမုန့်နှင့် အအေးများကို ရောင်းချခွင့် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောကြားသည်။

အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခွင့် ပိတ်ပင်ရန် ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းအုပ်များထံ ကျောင်းဖွင့်ရာသီ မတိုင်ခင်ကတည်းက ညွှန်ကြားချက်များ ပေးပို့ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကျောင်းမှာ ကြီးကြပ်နိုင်ပေမယ့် ရပ်ကွက်ထဲ၊ လမ်းတွေထဲက ဆိုင်တွေမှာ မထိန်းချုပ်နိုင်ရင် ထိရောက်မှု မရှိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကြောင့် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် လိုက်လံ စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင့် ကျောင်းမုန့်ဈေးတန်းများကို လိုက်လံ စစ်ဆေးမှုများ ရှိသော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် FDA နှင့်သာ စစ်ဆေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။ 

စားသုံးရန် မသင့်သော ဓာတုပစ္စည်းပါ အစားအသောက်များသည် အာဟာရတန်ဖိုး မပါဝင်သည့်အပြင် ကလေးငယ်များအတွက် အဝလွန်ရောဂါ အန္တရာယ်ပါ ရှိနိုင်ကြောင်း၊ အခြေခံပညာ ကျောင်းများတွင် FDA ခွင့်ပြုချက် မရသော အစားအသောက်များကို လုံးဝ မရောင်းချစေလိုကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာသီဟသစ်က The Voice သို့ ပြောကြားသည်။

အဆိုပါ အန္တရာယ်ရှိ မုန့်များ ရောင်းချမှု ပိတ်ပင်ရန် ဧပြီလ ၂၅ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းထားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများတွင်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က လိုက်လံ စစ်ဆေးသွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဌာနက စုံစမ်းသိရှိရသည်။

The Voice Weekly
လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှ စတင်၍ အမှတ် (၃) အခြေခံဦးစီးဌာန လက်အောက် အခြေခံပညာ ကျောင်းများတွင် စားသုံးရန် မသင့်သော ဓာတုပစ္စည်းပါ ပြည်တွင်း၊ ပြည်ပ အသင့်စားမုန့်နှင့် အအေးများကို ရောင်းချခွင့် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောကြားသည်။

အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခွင့် ပိတ်ပင်ရန် ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံ ပညာ ကျောင်း အုပ်များထံ ကျောင်းဖွင့်ရာသီ မတိုင်ခင်ကတည်းက ညွှန်ကြားချက်များ ပေးပို့ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ကျောင်းမှာ ကြီးကြပ်နိုင်ပေမယ့် ရပ်ကွက်ထဲ၊ လမ်းတွေထဲက  ဆိုင်တွေ မှာ မထိန်းချုပ်နိုင်ရင် ထိရောက်မှု မရှိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကြောင့် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် လိုက်လံ စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင့် ကျောင်းမုန့်ဈေးတန်းများကို လိုက်လံ စစ်ဆေးမှုများ ရှိသော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် FDA နှင့်သာ စစ်ဆေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။ 

စားသုံးရန် မသင့်သော ဓာတုပစ္စည်းပါ အစားအသောက်များသည် အာဟာရတန်ဖိုး မပါဝင်သည့်အပြင် ကလေးငယ်များအတွက် အဝလွန်ရောဂါ အန္တရာယ်ပါ ရှိနိုင်ကြောင်း၊ အခြေခံပညာ ကျောင်းများတွင် FDA ခွင့်ပြုချက် မရသော အစားအသောက်များကို လုံးဝ မရောင်းချစေလိုကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာသီဟသစ်က The Voice သို့ ပြောကြားသည်။

အဆိုပါ အန္တရာယ်ရှိ မုန့်များ ရောင်းချမှု ပိတ်ပင်ရန် ဧပြီလ ၂၅ ရက်နေ့က ကျင်းပသော ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းထားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများတွင်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က လိုက်လံ စစ်ဆေးသွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဌာနက စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment