Friday 23 May 2014

တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် တရားသူကြီးဟောင်းတစ်ဦးကို အမည်တင်သွင်း

Photo: တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် တရားသူကြီးဟောင်းတစ်ဦးကို 
အမည်တင်သွင်း
Friday, May 23, 2014 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်လက ကူးတို့ သင်္ဘောနစ်မြုပ်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ပေးသည့် ဝန်ကြီးချုပ် ချန်ဟောင်ဝမ် ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် သမ္မတ ပတ်ကွမ်ဟိုင်းက တရားရုံးချုပ်တရားသူကြီးဟောင်း တစ်ဦးကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကူးတို့သင်္ဘောနစ်မြုပ် မှုဖြစ်ရပ်ကြောင့် သမ္မတပတ်၏ အစိုးရအဖွဲ့မှာ ဝေဖန်ခံရမှုများနှင့်တွေ့ကြုံခဲ့ရပြီး လာမည့်ဒေသန္တရ ရွေးကောက်ပွဲများတွင် ၎င်း၏ပါတီ အောင်ပွဲခံနိုင်မှု ထိခိုက်ရဖွယ်ရှိကြောင်း နိုင်ငံရေးဆန်းစစ်သူများက ပြောကြားကြသည်။

ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် လွန်ခဲ့သည့် လက နုတ်ထွက်စာ တင်ခဲ့ရာ ၎င်း၏နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် တရားသူကြီးဟောင်း အန်းဒိုင်ဟီး (၅၉နှစ်)အား အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်သည်။ ဧပြီ ၁၆ ရက်က ကူးတို့သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာတွင် ကျောင်းသူ၊ ကျောင်းသား အများစုဖြစ်သည့် လူပေါင်း ၃ဝဝခန့် သေဆုံးခဲ့ရသည်။

အန်းဒိုင်ဟီးသည် အစိုးရဌာနများ ပြုပြင်ပြောင်း လဲနိုင်ရန်လည်းကောင်း၊ နိုင်ငံတော်က ပြုပြင် ပြောင်းလဲရေး အစီအစဉ်များ အကောင်အထည် ဖော်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်အဖြစ် သမ္မတက ယုံကြည်ယူဆကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မင်ကွမ်စူးကပြောကြား သည်။ 

ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရအားဝေဖန်မှုများပေါ်ထွက်ခဲ့ပြီးနောက်အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ နမ်ဂျေဂွန်း နှင့် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ကင်ယန်စူးတို့ကလည်း ရာထူးမှ နုတ်ထွက်စာများ အသီးသီးတင်သွင်းခဲ့ကြသည်။

Myanmaalinn
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်လက ကူးတို့ သင်္ဘောနစ်မြုပ်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ပေးသည့် ဝန်ကြီးချုပ် ချန်ဟောင်ဝမ် ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် သမ္မတ ပတ်ကွမ်ဟိုင်း က တရားရုံးချုပ်တရားသူကြီးဟောင်း တစ်ဦးကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကူးတို့သင်္ဘောနစ်မြုပ် မှုဖြစ်ရပ်ကြောင့် သမ္မတပတ်၏ အစိုးရအဖွဲ့မှာ ဝေဖန်ခံရမှု များနှင့်တွေ့ကြုံခဲ့ရပြီး လာမည့်ဒေသန္တရ ရွေးကောက်ပွဲများတွင် ၎င်း၏ပါတီ အောင်ပွဲခံနိုင်မှု ထိခိုက်ရဖွယ် ရှိကြောင်း နိုင်ငံရေးဆန်းစစ်သူများက ပြောကြားကြသည်။

ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် လွန်ခဲ့သည့် လက နုတ်ထွက်စာ တင်ခဲ့ရာ ၎င်း၏နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန် တရားသူကြီးဟောင်း အန်းဒိုင်ဟီး (၅၉နှစ်)အား အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်သည်။ ဧပြီ ၁၆ ရက်က ကူးတို့သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာတွင် ကျောင်းသူ၊ ကျောင်းသား အများစုဖြစ်သည့် လူပေါင်း ၃ဝဝခန့် သေဆုံးခဲ့ရသည်။

အန်းဒိုင်ဟီးသည် အစိုးရဌာနများ ပြုပြင်ပြောင်း လဲနိုင်ရန်လည်းကောင်း၊ နိုင်ငံတော်က ပြုပြင် ပြောင်းလဲရေး အစီအစဉ်များ အကောင်အထည် ဖော်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်အဖြစ် သမ္မတက ယုံကြည် ယူဆကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မင်ကွမ်စူးကပြောကြား သည်။ 

ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရအားဝေဖန်မှုများပေါ်ထွက်ခဲ့ပြီးနောက်အမျိုးသား ထောက် လှမ်းရေးဌာန အကြီးအကဲ နမ်ဂျေဂွန်း နှင့် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ကင်ယန်စူးတို့ကလည်း ရာထူးမှ နုတ်ထွက်စာများ အသီးသီးတင်သွင်းခဲ့ကြသည်။

Myanmaalinn

No comments:

Post a Comment