Friday 23 May 2014

အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများကို စောင့်ကြည့်ရန် သံဃာများ ပါဝင်သော စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့

အစိုးရအဖွဲ့ ဝန်ကြီးဌာနများ၊ လွှတ်တော်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေးလုပ်ဆောင် ချက် များကို စောင့်ကြည့်ဖိအားပေးရန် သံဃာအများစု ဦးဆောင်ပါဝင်သော အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ကို ယခုလ တတိယပတ်အတွင်း ရန်ကုန်မြို့တော်အခြေစိုက် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ဆရာတော် အရှင်ပါကဋက The Voice သို့ မိန့်ကြားသည်။ 

အဆိုပါအဖွဲ့ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေး၊ ဘက်မလိုက် မူဝါဒ ကျင့်သုံးရေးဟူ၍ မူဝါဒ ၅ ရပ် ချမှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ရန် အစိုးရနှင့် လွှတ်တော်တို့ကို ထောက်ပြသွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။ “အစိုးရ ပဲဖြစ်ဖြစ်၊ အတိုက်အခံ ပါတီပဲဖြစ်ဖြစ် ဘက်မလိုက် ဝါဒနဲ့ မှန်ရင် ထောက်ခံမယ်။ မှားရင် ထောက်ပြမယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကိုမဆို ထောက်ပြမယ်” ဟု ၎င်းက ထပ်လောင်း မိန့်ကြားသည်။ 

ယင်းအဖွဲ့တွင် ဆရာတော် သံဃာတော် အများစုနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးရဲမင်းဦး၊ ဒေါ်စုစုနွေးတို့ အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။ 

ယင်းအဖွဲ့တွင် သံဃာတော်အများစု ပါဝင်နေသော်လည်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အသင်းအဖွဲ့ များ နှင့် ပတ်သက်မှု လုံးဝမရှိကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေး ကော်မတီဝင် ဆရာတော် အရှင်ပါမောက္ခက မိန့်ဆိုသည်။ 

အဆိုပါအဖွဲ့ အနေနှင့် အစိုးရပိုင်း၏ အားနည်းချက်များကို ဝေဖန်ထောက်ပြမည် ဖြစ်သော်လည်း ပြဿနာ ရှာခြင်း မဟုတ်ကြောင်း၊ မိမိတို့အဖွဲ့ လိုအပ်ချက် ရှိလျှင်လည်း ထောက်ပြနိုင်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဖိုးတုတ်က ပြောဆိုသည်။ 

ယင်းအဖွဲ့သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော် သံဃာ အများစုဖြင့် တည်ထောင် ထားခြင်း ဖြစ်ကြောင်း ဆရာတော် အရှင်ပါကဋက မိန့်ဆိုသည်။ 

The Voice Weekly

No comments:

Post a Comment