Friday 23 May 2014

မဇ္ဈိမခရီး နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးလိုဟု စွန်းဝူခုန်း သရုပ်ဆောင် ပြောကြား

Photo: မဇ္ဈိမခရီး နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးလိုဟု စွန်းဝူခုန်း သရုပ်ဆောင် ပြောကြား
Friday, May 23, 2014 

ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မဇ္ဈိမခရီး (Journey To The West) ဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် ရိုက်ကူးလိုကြောင်း မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည့် ပရိသတ်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် Liu Xiao Ling Tong က သန်လျင်မြို့နယ် ကျောက်ရေတွင်း ကျေးရွာရှိ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှလည်း Liu Xiao Ling Tong ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်။

မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong သည် ယင်းအခမ်းအနားတွင် ပရိသတ်များနှင့်တွဲ၍ ဓာတ်ပုံ အရိုက်ခံခြင်း၊ မဇ္ဈိမခရီး ဇာတ်လမ်းတွဲတွင် ၎င်းသရုပ်ဆောင်ခဲ့သည့် အမူအရာကို ပြန်လည် သရုပ်ဆောင် ပြသခြင်း၊ ဇာတ်လမ်းတွဲ၏ ဇာတ်ဝင် တေးသီချင်းကို ပရိသတ် အချို့နှင့် စင်ပေါ်တွင် တွဲဖက် သီဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

Liu Xiao Ling Tong သည် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုတက္ကသိုလ်နှင့် သန်လျင်မြို့နယ်ရှိ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် လေ့လာမည် ဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက် ဖူးမြော်မည် ဖြစ်ကြောင်း၊ ယင်းနောက်တွင် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့မှာကဲ့သို့ ပရိသတ်များနှင့် တွေ့ဆုံပွဲ တစ်ပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားသည်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ မွေးဖွားခဲ့ပြီး ဟန်လူမျိုး တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာတွင် သရုပ်ဆောင်ခဲ့ဖူးပြီး သူအသက် ၆ နှစ် အရွယ်ကတည်းက သရုပ်ဆောင် ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သည်။ သူရိုက်ကူးခဲ့သော ဇာတ်ကားများအနက် ၁၉၈၆ ခုနှစ်က တရုတ်နိုင်ငံတွင် စတင် ထုတ်လွှင့်ခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပြသခဲ့ပြီးသော Journey To The West ဇာတ်လမ်းတွဲမှာ အအောင်မြင်ဆုံး ဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများတွင် သူ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှ Liu Xiao Lin Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

The Voice Weekly
ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မဇ္ဈိမခရီး (Journey To The West) ဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် ရိုက်ကူးလိုကြောင်း မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည့် ပရိသတ်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် Liu Xiao Ling Tong က သန်လျင်မြို့နယ် ကျောက်ရေတွင်း ကျေးရွာရှိ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှလည်း Liu Xiao Ling Tong ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်။

မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong သည် ယင်းအခမ်းအနားတွင် ပရိသတ်များ နှင့်တွဲ၍ ဓာတ်ပုံ အရိုက်ခံခြင်း၊ မဇ္ဈိမခရီး ဇာတ်လမ်းတွဲတွင် ၎င်းသရုပ်ဆောင်ခဲ့သည့် အမူအရာကို ပြန်လည် သရုပ်ဆောင် ပြသခြင်း၊ ဇာတ်လမ်းတွဲ၏ ဇာတ်ဝင် တေးသီချင်းကို ပရိသတ် အချို့နှင့် စင်ပေါ်တွင် တွဲဖက် သီဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

Liu Xiao Ling Tong သည် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုတက္ကသိုလ်နှင့် သန်လျင်မြို့နယ်ရှိ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် လေ့လာမည် ဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက် ဖူးမြော်မည် ဖြစ်ကြောင်း၊ ယင်းနောက်တွင် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့မှာကဲ့သို့ ပရိသတ်များနှင့် တွေ့ဆုံပွဲ တစ်ပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားသည်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ မွေးဖွားခဲ့ပြီး ဟန်လူမျိုး တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာတွင် သရုပ်ဆောင်ခဲ့ဖူးပြီး သူအသက် ၆ နှစ် အရွယ်ကတည်းက သရုပ်ဆောင် ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သည်။ သူရိုက်ကူးခဲ့သော ဇာတ်ကားများအနက် ၁၉၈၆ ခုနှစ်က တရုတ်နိုင်ငံတွင် စတင် ထုတ်လွှင့်ခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပြသခဲ့ပြီးသော Journey To The West ဇာတ်လမ်းတွဲမှာ အအောင်မြင်ဆုံး ဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများတွင် သူ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှ Liu Xiao Lin Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment