Friday 23 May 2014

လူတစ်ရာကျော် သေဆုံးစေခဲ့သည့် နိုက်ဂျီးရီးယားနိုင်ငံက ဆက်တိုက် ဗုံးပေါက်ကွဲမှု

Photo: လူတစ်ရာကျော် သေဆုံးစေခဲ့သည့် နိုက်ဂျီးရီးယားနိုင်ငံက ဆက်တိုက် ဗုံးပေါက်ကွဲမှု
Friday, May 23, 2014  

နိုက်ဂျီရီးယားနိုင်ငံမှာ အင်္ဂါနေ့တုန်းက ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ရာကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူပေါင်းများစွာ
ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း မြို့တော် ဂျို့စ်မှာ ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး (၁၁၈)ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
 
အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုမှာ လူစည်ကားတဲ့ ဈေးအနီးနဲ့ ကားဂိတ်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘိုကိုဟာရမ် လက်နက်ကိုင်စစ်သွေးကြွတွေ ရှိနေတယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
 
ဘိုကိုဟာရမ်မွတ်စလင် စစ်သွေးကြွတွေဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘော်နိုပြည်နယ်က ကျောင်းသူ(၂၀၀)ကျော်ကိုလည်း ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း မြို့တော်အဘူဂျာမှာ ဗုံးပေါက်ခွဲတာကြောင့် လူ(၇၀)ဦးအထိ သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဟာ ရေနံရိုင်းတွေ တည်ရှိနေတာကြောင့် စီးပွားရေး တိုးတက်လာမှုရှိလာနေပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာ ယိုယွင်းမှုတွေလည်း မြင့်တက်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါသည်။+

MRTV-4
နိုက်ဂျီရီးယားနိုင်ငံမှာ အင်္ဂါနေ့တုန်းက ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ရာကျော်သေ ဆုံး ခဲ့ပြီး နောက်ထပ်လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း မြို့တော် ဂျို့စ်မှာ ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး (၁၁၈)ဦးထက် မနည်းသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက သတင်း ထုတ်ပြန်ထားပါတယ်။

အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုမှာ လူစည်ကားတဲ့ ဈေးအနီးနဲ့ ကားဂိတ်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဒီတိုက်ခိုက်မှုရဲ့ နောက် ကွယ်မှာ ဘိုကိုဟာရမ် လက်နက်ကိုင်စစ်သွေးကြွတွေ ရှိနေတယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။

ဘိုကိုဟာရမ်မွတ်စလင် စစ်သွေးကြွတွေဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘော်နိုပြည်နယ်က ကျောင်းသူ (၂၀၀)ကျော်ကိုလည်း ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း မြို့တော်အဘူဂျာမှာ ဗုံးပေါက်ခွဲတာကြောင့် လူ(၇၀)ဦးအထိ သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဟာ ရေနံရိုင်းတွေ တည်ရှိနေတာကြောင့် စီးပွားရေး တိုးတက်လာမှုရှိလာနေပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာ ယိုယွင်းမှုတွေလည်း မြင့်တက်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါသည်။+

MRTV-4

No comments:

Post a Comment