Friday 23 May 2014

အာဂျင်တီးနားနှင့် ဘာစီလိုနာအသင်းတို့၏ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီ မြန်မာနိုင်ငံသို့ လာရောက်ရန် Ooredoo ကုမ္ပဏီ ကြိုးပမ်းနေ

Photo: အာဂျင်တီးနားနှင့် ဘာစီလိုနာအသင်းတို့၏ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီ မြန်မာနိုင်ငံသို့ လာရောက်ရန် Ooredoo ကုမ္ပဏီ ကြိုးပမ်းနေ
Friday, May 23, 2014 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ကို စပွန်ဆာပေးထားသည့် Ooredoo ဆက်သွယ်ရေးကုမ္ပဏီသည် ကမ္ဘာကျော်ဘောလုံးသမားဖြစ်သော အာဂျင်တီးနားနှင့် ဘာစီလိုနာအသင်းတို့၏ တိုက်စစ်မှူး မက်ဆီ မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မက်ဆီသည် Ooredoo ကုမ္ပဏီ၏ သံတမန်တစ်ဦးဖြစ်ပြီး Ooredoo ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ မက်ဆီလာရောက်ရန်အတွက် လီယွန်မက်ဆီဖောင်ဒေးရှင်းနှင့် ပူးတွဲဆောင်ရွက်နေခြင်း ဖြစ်သည်။ ကမ္ဘာကျော် ဘောလုံးသမားတစ်ဦး ဖြစ်သည့် မက်ဆီ လာရောက်ရန်အတွက် ကြိုးပမ်းဆဲအခြေအနေတွင်သာ ရှိသေးပြီး အကယ်၍ လာရောက်ဖြစ်ခဲ့ပါက ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ဖြစ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ “မက်ဆီ လာရောက်ဖို့ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ကြိုးပမ်းနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခင် သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတာကြောင့် လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။ သူတကယ် လာရောက်ဖြစ်ခဲ့ရင် ကျေးလက်ဒေသတွေအထိ သွားရောက်ဖို့ စီစဉ်ထားပါတယ်”ဟု Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကို လေးကြိမ်ဆက်တိုက် ရရှိထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

Eleven Media Group 

ဘာစီလိုနာရှိ Sant Pau ဆေးရုံမှ ကလေးငယ်များကို သွားရောက် အားပေးနေသည့် မက်ဆီ (Photo: AFP)
ဘာစီလိုနာရှိ Sant Pau ဆေးရုံမှ ကလေးငယ်များကို သွားရောက် အားပေးနေသည့် မက်ဆီ (Photo: AFP)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ကို စပွန်ဆာပေးထားသည့် Ooredoo ဆက်သွယ်ရေးကုမ္ပဏီသည် ကမ္ဘာကျော်ဘောလုံးသမားဖြစ်သော အာဂျင်တီးနားနှင့် ဘာစီလိုနာအသင်းတို့၏ တိုက်စစ်မှူး မက်ဆီ မြန် မာနိုင်ငံ သို့ လာရောက်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
မက်ဆီသည် Ooredoo ကုမ္ပဏီ၏ သံတမန်တစ်ဦးဖြစ်ပြီး Ooredoo ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ မက်ဆီလာရောက်ရန်အတွက် လီယွန်မက်ဆီဖောင်ဒေးရှင်းနှင့် ပူးတွဲဆောင်ရွက်နေခြင်း ဖြစ်သည်။ ကမ္ဘာကျော် ဘောလုံးသမားတစ်ဦး ဖြစ်သည့် မက်ဆီ လာရောက်ရန်အတွက် ကြိုးပမ်းဆဲအခြေအနေ တွင်သာ ရှိသေးပြီး အကယ်၍ လာရောက်ဖြစ်ခဲ့ပါက ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ဖြစ်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။ “မက်ဆီ လာရောက်ဖို့ ကုမ္ပဏီအနေနဲ့ သူ့ရဲ့ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ကြိုးပမ်းနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခင် သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှိနေတာကြောင့် လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။ သူတကယ် လာရောက်ဖြစ်ခဲ့ရင် ကျေး လက်ဒေသတွေ အထိ သွားရောက်ဖို့ စီစဉ်ထားပါတယ်”ဟု Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကို လေးကြိမ်ဆက်တိုက် ရရှိထားသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment