Friday 23 May 2014

ဂန့်ဂေါတွင်လေပြင်းတိုက်ခတ်၍နေအိမ်အချို့အမိုးလန် သစ်ပင် အချို့အမြစ်မှကျွတ်၍လဲကျ

မေ ၂၀ ရက်ညနေ ၆ နာရီ ခန့်အချိန်ကလေပြင်းတိုက်ခတ်သဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မြောက်ကုန်းရပ်ကွက် အတွင်းမြစ်သာမြစ်ကမ်းဘေးဝန်း ကျင်ရှိနေအိမ် ၁၀ လုံးခန့်အမိုးလန် ခြင်း၊ မြန်မာ့သစ်လုပ်ငန်းဧည့်ရိပ် သာအနီးမြစ်သာမြစ်ရေချိုးဆိပ် အနီးရှိ မန်ကျည်းပင်ကြီးတစ်ပင် အမြစ်မှ ကျွတ်၍ လဲကျသွားခြင်း၊ မြန်မာ့သစ်လုပ်ငန်းရုံးရှေ့ရှိဓါတ် တိုင်တစ်တိုင်အနည်းငယ်ယိုင်စောင်း သွားခြင်း၊ မြောက်ကုန်းရပ်ကွက် နှင့် သောင်မြေစိုက်ခင်းများသို့ဆက် သွယ်ထားသောမြစ်သာမြစ်ကူး ယာယီသစ်သားတံတား၏ကြမ်း ခင်းဝါးကပ်များလေထဲလွင့်ပါသွား ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

မြစ်သာမြစ်ရေချိုးဆိပ်အနီးရှိ မန်ကျည်းပင်ကြီးလဲကျသွားခဲ့စဉ် ရေချိုးဆိပ်သို့ရေချိုးရန်ဆင်းလာ သောမြောက်ကုန်းရပ်ကွက်နေ ဦးဇေယျာ (၃၀) နှစ် နှင့် ၎င်း၏ နှစ်နှစ်ခွဲအရွယ်ကလေးငယ်တို့ကို မန်ကျည်းပင်ကိုင်းဖျားနှင့် ရိုက်ခတ် မိသေးသော်လည်း ဒဏ်ရာအနာ တရဖြစ်ပွားခြင်းမရှိခဲ့ကြောင်းသိရ သည်။

ယခုတစ်လောမြန်မာနိုင်ငံ နေရာဒေသအချို့တွင်လေပြင်းတိုက် ခတ်၍သစ်ပင်အချို့အမြစ်မှကျွတ် ထွက်လဲကျမှုများဖြစ်ပေါ်နေသည်ကို ကြားသိရရကြောင်း၊ လေတိုက်နှုန်း ပြင်းထန်လွန်း၍သစ်ပင်များအမြစ် မှကျွတ်ထွက်လဲကျနေသည်များ ရှိသကဲ့သို့သာမန်လေတိုက်နှုန်းမျှ နှင့်ပင်အချို့သစ်ပင်များအမြစ်မှ ကျွတ်ထွက်၍လဲကျသည်ကိုတွေ့ ရကြောင်း၊ ယင်းသို့ဖြစ်ပွားရသည် မှာ ရာသီဥတုအလွန်ပူပြင်းသော ဒဏ်ကြောင့်မြေဆီလွှာအပေါ်ယံ ၌ရေဓါတ်ခန်းခြောက်ကာမြေမှုန့် များတစ်ခုနှင့်တစ်ခုစေးကပ်နေမှု မရှိတော့ဘဲ “မွ”နေ၍ဖြစ်နိုင်ကြောင်း၊ ထိုဖြစ်ရပ်မျိုးမှာမိုးဦးလေဦးတွင် ဖြစ်ပေါ်တတ်သော်လည်းရှေးအခါ က သစ်ပင်လဲကျမှုများဖြစ်ပေါ် သည်ကိုမကြားဖူးသလောက်ဖြစ် သော်လည်း ယခုအခါရာသီဥတု ပူပြင်းလာပြီး သစ်ပင်များအမြစ်မှ ကျွတ်၍လဲကျမှုများမကြာခဏဖြစ် ပေါ်နေကြောင်းသဘာဝပတ်ဝန်း ကျင်ပြောင်းလဲမှုကိုစိတ်ဝင်တစား လေ့လာနေသောအသက် ၅၅ နှစ် အရွယ်ဦးအောင်ဝင်းကပြောကြား သည်။      

Hot News

No comments:

Post a Comment