Friday 23 May 2014

အာရှတိုက်ကို မည်သည့်နိုင်ငံကမျှ စိုးမိုးမှုမရှိရေး နိုင်ငံတကာ လုံခြုံရေး ညီ လာခံ ၌ တရုတ်နိုင်ငံ တိုက်တွန်း

အာရှတိုက်၌ မည်သည့်နိုင်ငံကမျှ စိုးမိုးခြယ်လှယ်မှု မရှိသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မေ ၂၁ ရက်တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော အာရှဒေသရှိ နိုင်ငံများ ယုံကြည်မှု တည်ဆောက်ရေး နိုင်ငံတကာညီလာခံတွင် တရုတ်သမ္မတရှီက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ 

အာရှဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကြ ရန်လည်း တရုတ်သမ္မတရှီက တိုက်တွန်းသည်။ 

အာရှဒေသရှိ နိုင်ငံများ ယုံကြည်မှုတည်ဆောက်ရေး နိုင်ငံတကာညီလာခံသို့ ရုရှား သမ္မတဗလာဒီမာပူတင်၊ အီရန်သမ္မတ ရက်ဆန်ရိုဟာနီ၊ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း စသည့်နိုင်ငံ့အကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲ ၂ဝ ကျော် တက်ရောက်ခဲ့သည်။ ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းကိုလည်း ယင်းညီလာခံသို့ ဖိတ်ကြားခဲ့သည်။ 

အာရှဒေသ၌ အကြမ်းဖက်မှုများ၊ ခွဲထွက်ရေးဝါဒီများ၊ အစွန်းရောက်ဝါဒီများ ခေါင်းထောင်လာနေသဖြင့် ဒေသဆိုင်ရာလုံခြုံရေး တိုးတက်ကောင်းမွန်စေရန် နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရန်လိုအပ်ကြောင်း တရုတ်ခေါင်းဆောင်က ပြောကြားသည်။ 

တရုတ်နိုင်ငံကို ဟန့်တားနိုင်ရေးအတွက် အာရှဒေသအတွင်း စစ်ရေးမဟာမိတ်ဖွဲ့မှု များ မပြုလုပ်ကြရန် ၎င်းက တောင်းဆိုလိုက်သည်။ ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံ များနှင့် တရုတ်နိုင်ငံအကြား တောင်တရုတ် ပင်လယ် ရေကြောင်းပိုင်နက် အငြင်းပွားမှုများ နှင့် ပတ်သက်၍ တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ယင်းသို့ တောင်းဆိုခြင်းဖြစ် သည်။ 

ရိုက်တာ
Myanmaalinn

No comments:

Post a Comment